ဒီမော့ခ်တေးလ် (mocktail) လေးကတော့ စိတ်ကိုလန်းဆန်းစေမယ့် refreshment ဖျော်ရည်လေးပါ။

ကော့တေးလ် (cocktail) ဆိုတာက အရက်မျိုးစုံနဲ့ အသီးဖျော်ရည်တချို့ကို ရောနှောထားပြီး တမူထူးခြားတဲ့ အရသာကို ဖန်တီးထားတဲ့ သောက်စရာ အဖျော်ယမကာလေးတွေဖြစ်ပြီး မော့တေးလ်ဆိုတာကတော့ ကော့တေးလ်ဖျော်စပ်ပုံကိုမှ အရက်မပါဘဲ ပြုလုပ်ထားတာဖြစ်ပါတယ်။ မော့တေးလ်လေးတွေက သောက်လို့ကောင်းသလို စိတ်ကိုကြည်လင် လန်းဆန်းစေတဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် အလုပ်ကနေ ပင်ပင်ပန်းပန်း ပြန်လာချိန်မှာ ရွေးချယ်သင့်တဲ့ ဖျော်ရည်လေးတွေပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

276.jpg 

စပါကလင် နာနတ်မော့ခ်တေးလ် ဖျော်ရည်တစ်ခွက်ကို ရရှိဖို့ Sprite စပါကလင်အချိုရည်တစ်ခွက်၊ နာနတ်သီးစည်သွပ်ဘူး (၁/၂) ခွက်၊ တလည်းသီးဖျော်ရည်အနှစ် လက်ဖက်ရည်ဇွန်း (၂) ဇွန်းခန့်၊ ရေခဲတုံးအနည်းငယ်တို့ကို လိုအပ်ပါတယ်နော်။

ပြုလုပ်နည်း

A05E1266-DBC0-4301-8EA4-49CA6AED97F5.jpg 

မော့ခ်တေးလ်တွေရဲ့ အသက်က ပါဝင်ပစ္စည်းတွေကို ရောနှောရမှာ စနစ်တကျရှိဖို့ပါပဲ။ ဒါကြောင့် အရင်ဆုံး ရေခဲတုံး လက်တစ်ဆုပ်စာကို ဖန်ခွက်ထဲကို ထည့်လိုက်ပါ။ ပြီးရင်တော့ အအေးဓာတ်ကို ထိန်းသိမ်းဖို့နဲ့ အရသာကောင်းမွန်စေဖို့ ပါဝင်ပစ္စည်းတွေကို အစီအစဉ်တကျ ထည့်ရပါမယ်။

ပထမဦးဆုံး နာနတ်သီးစည်သွပ်ဘူးထဲက နာနတ်သီးကွင်းလေးတွေနဲ့ နာနတ်သီးဖျော်ရည်ကို ထည့်လိုက်ပါ။ ပြီးမှ စပါကလင် အချိုရည်ကို ထည့်လိုက်ပါ။ သူ့အပေါ်ကနေမှ တလည်းသီးဖျော်ရည် အနှစ်ကို လောင်းထည့်ပေးလိုက်ပါ။ ဇွန်းရှည်တစ်ချောင်းနဲ့ ပါဝင်ပစ္စည်းတွေအားလုံး သမသွားအောင် မွှေပေးလိုက်မယ်ဆိုရင် မော့ခ်တေးလေးက သောက်သုံးရန်အဆင်သင့်ဖြစ်ပါပြီ။

 

အလှဆင်ဖို့အတွက် ဖန်ခွက်နှုတ်ခမ်းပေါ်မှာ ချယ်ရီသီးလေးတွေ၊ နာနတ်သီးစိတ်လေးတွေကို တင်ပေးလိုက်ပါဦး။ စိတ်ကိုကြည်လင်စေတဲ့ စပါကလင် နာနတ်မော့ခ်တေးလ်လေးကို ကိုယ်တိုင်ပဲသောက်သောက်၊ မိသားစုနဲ့ အပန်းဖြေချိန်မှာပဲ သောက်သောက် အဆင်ပြေတယ်လေ။

Source: thefrugalgirls

Share

Loading Next Article...
က္က