ချစ်သူများနေ့မှာ ကိုယ့်ချစ်သူကို စတိုးဆိုင်က လွယ်လွယ်ဝယ်လို့ရတဲ့ ချောကလက်ဝယ်ကျွေးတာ ရိုမဆန်လိုက်တာ။

ဗယ်လင်တိုင်းဒေး (ချစ်သူများနေ့) ကလည်း နီးလာပြီနော်။ ချစ်သူများနေ့မှာ ကိုယ့်ချစ်သူကို စတိုးဆိုင်က လွယ်လွယ်ဝယ်လို့ရတဲ့ ချောကလက်ဝယ်ကျွေးတာ ရိုမဆန်လိုက်တာ။ ဘာပဲပြောပြော ကိုယ်ချစ်ရတဲ့သူအတွက် ကိုယ်ကိုယ်တိုင် လက်နဲ့လုပ်ယူလာတဲ့ အရာလေးတွေကို ဘယ်သူမဆို မြတ်နိုးတတ်ကြတာပဲလေ။

 

ချစ်သူများနေ့မှာ ကိုယ့်ချစ်သူကို အားလည်းရှိစေချင်တယ်။ ကျန်းမာရေးနဲ့လည်း ကိုက်ညီစေချင်တယ်။ ဗယ်လင်တိုင်းဒေး အထိန်းအမှတ် ချောကလက်လေးလည်း ပါစေချင်တယ် ဆိုသူတွေအတွက် ငှက်ပျော ချောကလက်ဒိန်ချဉ် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဒီအစားအစာလေးကတော့ ဂရိဒိန်ချဉ်ကို သုံးထားတဲ့အတွက် ကျန်းမာရေးအတွက် ကောင်းမွန်စေပြီး ငှက်ပျောသီးနဲ့ ချောကလက်ကတော့ ဆာရိုတိုနင်ဟော်မုန်းတွေကို ထွက်လာစေနိုင်တဲ့အတွက် ချစ်သူနှစ်ဦးကြားမှာ ချစ်စိတ်လေးတွေ ပိုမိုယိုဖိတ်လာစေနိုင်မှာပါနော်။

ပါဝင်ပစ္စည်းများ

Making-Chunky-Monkey-Pops.jpg 

ငှက်ပျောသီးအမှည့် (၁) လုံး၊ ကိုကိုးမှုန့် (၁) ဇွန်းခွဲ၊ ပျားရည် (၁) ဇွန်း၊ ဗနီလာအနှစ် ဇွန်းဝက်၊ ဂရိဒိန်ချဉ် (သကာထုတ်ပြီးသား ဒိန်ချဉ်) (၁) ခွက်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

chocquinoa3.jpg 

အရင်ဆုံး ခက်ရင်းတစ်ချောင်းကိုသုံးပြီး ငှက်ပျောသီးမှည့်ကို အခွံခွာပါ။ ပြီးရင် ပန်းကန်လုံးတစ်လုံးထဲထည့်ပြီး ခက်ရင်းနဲ့ပဲ ထိုးချေပေးလိုက်ပါ။

ရလာတဲ့ ငှက်ပျောသီးအနှစ်ကိုတော့ ကိုကိုးမှုန့်၊ ပျားရည်၊ ဗနီလာအနှစ်၊ ဂရိဒိန်ချဉ်တို့နဲ့ ရောပြီး မွှေပေးလိုက်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ တစ်ညသိပ်ထားပေးလိုက်ပါ။

 

မနက်ကျရင်တော့ အပေါ်ကနေ ငှက်ပျောသီးတုံးလေးတွေရယ်၊ ချောကလက်တုံးလေးတွေရယ်တင်ပြီး သုံးဆောင်နိုင်ပါပြီ။ ဒါမှမဟုတ် မိမိချစ်သူကို ကျွေးနိုင်ပါပြီ။

Source: Myfoodstory

Share

Loading Next Article...
က္က