• 8000 mAh ဘက်ထရီ ၊ triple ကင်မရာနဲ့ မြန်မာငွေ ၂ သိန်းအောက်တန် Oukitel WP5 Pro

Android 10 စနစ်နဲ့ လာပါတယ်

Rugged Smartphone တွေ အကြိုက်တွေ့သူတွေအဖို့ Oukitel WP5 Pro ဟာ စိတ်ဝင်စားစရာဖုန်းတစ်လုံး ဖြစ်မှာပါ။

Oukitel ဟာ အကြမ်းခံ Rugged ဖုန်းတွေနဲ့ နာမည်ကြီးတဲ့ တရုတ်ဖုန်းကုမ္ပဏီတစ်ခု ဖြစ်ပြီး တန်ဖိုးနည်းသလောက် ဆွဲဆောင်မှုရှိတဲ့ အကြမ်းခံဖုန်းတွေအဖြစ် လူကြိုက်များကြပါတယ်။ Rugged ဖုန်းဆိုတဲ့အတိုင်း IP68/69 rating ရေလုံဖုန်တင်ခံနိုင်ပြီး ထိခိုက်လွတ်ကျတဲ့ဒဏ်ကိုပါ ခံနိုင်မှာ ဖြစ်ပါတယ်။ စစ်တပ်အဆင့် အကြမ်းခံမှုဖြစ်တဲ့ MIL-STD 810G စံနဲ့အညီ ထုတ်ထားတာကို ကြည့်ရင် ဒီဖုန်းရဲ့ အကြမ်းခံမှုအားကို တွက်ကြည့်လို့ရပါတယ်။

image

Photo: Gizmochina


Oukitel WP5 Pro ဟာ မျက်နှာပြင် ၅.၅ လက်မ (17200 x1400p) display နဲ့ လာပြီး အပေါ်အောက်မှာ bezel တွေ သုံးထားပါတယ်။ ဖုန်းကိုယ်ထည်ဟာ အကြမ်းခံဖို့အတွက် အထူးဒီဇိုင်းထုတ်ထားတာ ဖြစ်လို့ ဖုန်းကို ကိုင်ရတာဟာ လက်နက်တစ်ခုကို ကိုင်ထားသလို ခံစားရစေမှာပါ။ processor ဟာ Helio A25 processor ဖြစ်ပြီး RAM 4GB/64GB storage ပါရှိပါတယ်။ 

ရှေ့ဘက်မှာ 5MP selfie ကင်မရာ ပါရှိပြီး ကျောဘက်မှာ အလျားလိုက် သုံးလုံးတွဲကင်မရာစနစ် နဲ့ လာပါတယ်။ ကျောဘက် fingerprint scanner နဲ့အတူ 13MP primary sensor ၊ 2MP depth sensor နဲ့ 2MP macro sensor တပ်ဆင်ထားပါတယ်။ ညဘက်လိုမျိုး အလင်းအားနည်းလှတဲ့ အချိန်မျိုးမှာ တောက်ပပြီး အရောင်အသွေးစုံတဲ့ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်ဖို့ flashlight လေးမျိုးပါ ထည့်ပေးထားပါတယ်။

ဆော့ဖ်ဝဲလ်အနေနဲ့ နောက်ဆုံးထွက် Android 10 စနစ်ကို သုံးထားတာ ဖြစ်လို့ Dark Themes များ ၊ Swiping Gesture သစ်များ နဲ့ Privacy feature သစ်များလည်း သုံးနိုင်မှာပါ။ Oukitel WP5 Pro ကို ဥရောပ ၊ တောင်အမေရိက ၊ ရုရှားဈေးကွက်တွေမှာ လာမယ်ဇူလိုင် ၇ ရက်နေ့ ဒေါ်လာ ၁၃၀ (မြန်မာငွေ ၁ သိန်း ၈ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က