In partnership with  logo
  • အိမ်ထောင်သည်အမျိုးသမီးတွေက ကလေးထက် ခင်ပွန်းကြောင့် ပိုပြီးစိတ်ဖိစီးနေရ

အိမ်အလုပ်နဲ့ကလေးထိန်းရတဲ့အလုပ်ကို မိန်းမတွေကပဲ အဓိက အစအဆုံးတာဝန်ယူနေရတယ်။ ခင်ပွန်းဆီက အကူအညီမရကြဘူး။
[Zawgyi Version]

အိမ်ထောင်သည် အမျိုးသမီးတွေဟာ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုတွေကို ရင်ဆိုင်နေရပါတယ်။ အဲ့ဒီစိတ်ဖိစီးမှုတွေဟာ အများအားဖြင့် ခင်ပွန်းသည်ကြောင့် ဖြစ်ရတာဖြစ်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ကလေးတွေကြောင့် စိတ်ဖိစီးရတာထက် ခင်ပွန်းသည်ကြောင့် ရလာတဲ့ စိတ်ဖိစီးမှုက ပိုများနေတာပါ။

 

နေ့စဉ် အိမ်ကိစ္စပေါင်း သောင်းခြောက်ထောင်ကို လုပ်ကိုင်နေရတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေဟာ လူလည်းပင်ပန်းရသလို မလိုအပ်တဲ့စိတ်ဖိစီးမှုတွေကိုပါ ကြုံတွေ့နေကြရပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ မိခင်ဘဝ ရောက်ရှိခြင်းတို့ဟာ သာမာန်အမျိုးသမီးတွေနဲ့ယှဉ် စိတ်ဖိစီးမှုပမာဏပိုများရပါတယ်။ စိတ်ဖိစီးမှုအဆင့် ၁၀ မှာ ၈.၅ လောက်အထိ မြင့်တက်လာရတယ်။

 

အဲ့ဒီလိုမျိုး စိတ်ဖိစီးမှု ပမာဏ မြင့်တက်လာရခြင်းဟာ ကလေးတွေကြောင့်ထက် ခင်ပွန်းသည်ကြောင့် ပိုများရတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ လေ့လာမှုကိုတော့ University of Padova က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

- အိမ်ထောင်သည် ကလေးမိခင် ၄ ဦးမှာ ၃ ဦးက အိမ်အလုပ်တွေနဲ့ ကလေးထိန်းတဲ့အလုပ် အများစုကို တာဝန်ယူလုပ်ကိုင်နေကြရပါတယ်။

- ကလေးမိခင် ၅ ဦးမှာ ၁ ဦးဟာ ခင်ပွန်းသည်ထံက အကူအညီမရလို့ အဓိက စိတ်ဖိစီးရတယ်လို့ ဆိုတယ်။

- အိမ်မှာ လုပ်စရာရှိတဲ့အလုပ်တွေ ပြီးဖို့အတွက် အချိန်မလုံလောက်တဲ့အခါမှာလည်း ထပ်ပြီးတော့ စိတ်ဖိစီးမှုဖြစ်ကြရပါတယ်။

Source : Fempositive

Share

Loading Next Article...