Time's Up လှုပ်ရှားမှု အရှိန်ဟုန်မြင့်တက်လာမှုနဲ့အတူ ဟောလိဝုဒ်နယ်ပယ်တစ်ခုလုံးကလည်း လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုတွေကို ဆန့်ကျင်ကြောင်း ပိုမိုဖော်ထုတ်လာကြပါတယ်။ သူတို့ကြုံခဲ့ဖူးတဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရမှုတွေကိုလည်း ထုတ်ပြောလာကြတယ်။ မင်းသမီးကြီး ရှာရွန်စတုန်းကလည်း ဒီအကြောင်းကို ပါဝင်ဖြေကြားခဲ့ပါတယ်။
CBS Sunday ရုပ်သံအစီအစဉ်မှာ ပါဝင်ပြီး ဖြေကြားသွားခဲ့တာပါ။ ဟောလိဝုဒ်မှာ သက်တောင့်သက်သာမရှိဘူးလို့ ခံစားဖူးလား၊ #MeToo ဖြစ်ရပ်မျိုး ရှိခဲ့သလားလို့ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
" ကျွန်မ ဒီလုပ်ငန်းထဲရောက်နေတာ နှစ် ၄၀ ရှိပြီ။ ကျွန်မ ဒီကို ဘာအကာအကွယ်မှ မပါဘဲ မလာခဲ့ဘူး။ ကျွန်မ အားလုံးကို တွေ့မြင်ခဲ့ပြီးပြီ" လို့ ဖြေခဲ့တယ်။ တကယ်တော့ ရှာရွန်စတုန်းဟာ ဟောလိဝုဒ်နယ်ပယ်ထဲကို နောက်ခံအသိုင်းအဝိုင်းမရှိဘဲ တစ်ယောက်တည်း ရောက်လာခဲ့သူပါ။ သူကြုံတွေ့ခဲ့ရတာတွေကိုလည်း ကြိုတင်ပြင်ဆင်ခဲ့ပုံမရပါဘူး။ အမျိုးသမီးသရုပ်ဆောင်တွေကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တဲ့ ထုတ်လုပ်သူ ဟာဗေးကိစ္စမှာတော့ ဟာဗေးကို ထောင်ချသင့်တယ်လို့ ပြောဖူးပါတယ်။
ရှာရွန်က အမျိုးသမီးဝါဒီနဲ့ ပတ်သက်ပြီးတော့လည်း ပြောသွားသေးတယ်။ " အမျိုးသမီးတွေဟာ သူတို့နဲ့အတူရှိနေတဲ့ အမျိုးသားတွေမှာရှိတဲ့ထပ်တူကျမှုမျိုး သူတို့မှာ ကိုယ်ပိုင်ထပ်တူကျမှု မရှိကြဘူး။ မိန်းမသားတွေအနေနဲ့ အမျိုးသားတွေရဲ့နောက်မှာမှ လုပ်ပိုင်ခွင့်တွေ၊ အာဏာတွေ တန်ဖိုးထားတာတွေ ရှိသလိုမျိုးလည်း မတွေးသင့် မပြုမူသင့်ပါဘူး" လို့ ဆိုပါတယ်။v
Source : Elle