In partnership with  logo
  • ကလေးထိန်းရင်း ဝင်ဖြေခဲ့တဲ့တက္ကသိုလ်စာမေးပွဲကို အောင်မြင်သွားတဲ့မိခင်

သူတက်ချင်တဲ့ သင်တန်းကို တက်ခွင့်တော့ ရသွားပါပြီ။

အမျိုးသမီးတစ်ဦးဟာ စားပွဲပေါ်ကဆင်းပြီး ကြမ်းပြင်မှာထိုင်ရင်း မွေးကင်းစကလေးကို လက်တစ်ဖက်နဲ့ပွေ့၊ ကျန်လက်တစ်ဖက်က စာမေးပွဲဖြေဆိုနေတဲ့ ပုံလေးတစ်ပုံဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားပါတယ်။ အခန်းထဲက အခြားလူတွေဟာ စားပွဲပေါ်မှာထိုင်ပြီး စာမေးပွဲဖြေနေကြတာပါ။ အာဖဂန်နစ္စတန်နိုင်ငံ Daykundi ပြည်နည်က ပုဂ္ဂလိကပိုင်တက္ကသိုလ်တစ်မှာ ဒီမြင်ကွင်းကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

image
 

အသက် ၂၅ နှစ်အရွယ် Jahan Taab ဟာ Kankor စာမေးပွဲလို့ခေါ်တဲ့ ဝင်ခွင့်စာမေးပွဲကို ကလေးထိန်းရင်း ဖြေဆိုနေခဲ့တာပါ။ Nilli မြို့တော်မှာရှိတဲ့ Nasirkhosraw Higher Education Institute ရဲ့ လူမှုသိပ္ပံသင်တန်းအတွက် ဝင်ခွင့်ကို ဖြေခဲ့တာပါ။ ဖြေနေရင်း သူ့ရဲ့ နှစ်လသားကလေးက ငိုတော့ လက်တစ်ဖက်နဲ့ကလေးထိန်း တစ်ဖက်က စာမေးပွဲကို ဆက်ဖြေခဲ့တယ်လို့ အခန်းစောင့်ဆရာက ပြောပါတယ်။

image
 

အခန်းစောင့်ဆရာရဲ့ ခွင့်ပြုချက်နဲ့ Taab ဟာ စာမေးပွဲ ဆက်ဖြေခွင့်ရခဲ့ပါတယ်။ အခန်းစောင့်ဆရာက Taab ရဲ့ပုံတွေကို သူ့ရဲ့ဖုန်းနဲ့ ဓာတ်ပုံရိုက်ခဲ့ပြီး ဖေ့စ်ဘုတ်ပေါ် တင်လိုက်ရာမှာတော့ လူတွေက Taab ကို အာရုံစိုက်လာကြပါတယ်။ အခန်းထဲမှာ စာမေးပွဲဖြေနေတဲ့ အခြားလူတွေကလည်း သူ့ကို ချီးကျူးလေးစားကြတယ်။

Taab မှာ ကလေး ၃ ယောက် ရှိပါတယ်။ သူနေထိုင်တဲ့ ရွာငယ်လေးကနေ Nilli တက္ကသိုလ်ကိုရောက်ဖို့ ၆ နာရီမှ ၈ နာရီကြာ သွားရောက်ခဲ့ရပြီး စာမေးပွဲကို ခဲရာခဲဆစ်ဖြေရသူပါ။ ကလေးတစ်ဖက်နဲ့ စာမေးပွဲဝင်ဖြေခဲ့တဲ့ Taab ဟာ အဆိုပါစာမေးပွဲကိုလည်း အောင်မြင်သွားခဲ့လို့ သူတက်ချင်တဲ့ လူမှုသိပ္ပံကိုလည်း တက်ခွင့်ရမှာ ဖြစ်ပါတယ်။ ဆင်းရဲသူဖြစ်တာကြောင့် သင်တန်းကြေးကတော့ အခက်အခဲရှိနေလို့ အဖွဲ့အစည်းတွေက သူ့ကို ကူညီပေးနေကြပါတယ်။

Source : CNN

Share

Loading Next Article...
က္က