In partnership with  logo
  • ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးအတွင်းခံ မော်ဒယ်

အသက် ၈၀ကျော် အမျိုးသမီးတစ်ဦးမှာလည်း ဆွဲဆောင်မှု ရှိသေးတယ်ဆိုတာ ပြဖို့
image
 

အသက် ၈၃နှစ်အရွယ် Dorrie ဟာ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးအတွင်းခံ မော်ဒယ်တစ်ဦးဖြစ်ပါတယ်။ Victoria’s Secret မော်ဒယ်တွေလို ဆယ်ကျော်သက်တစ်ဦးတော့ မဟုတ်ပေမယ့် Dorrie ဟာ အသက် ၈၀ကျော် အမျိုးသမီးတစ်ဦးမှာလည်း ဆွဲဆောင်မှု ရှိသေးတယ်ဆိုတာ ပြဖို့ နဲ့ အသက်အရွယ်ကြီးတဲ့ အမျိုးသမီးတွေကို ငယ်ရွယ်တဲ့ စိတ်ဓာတ်ထားဖို့ အခုလို Senior Style Bible ဆိုတဲ့ instagram အကောင့်ကို စတင်ခဲ့ပါတယ်။

image
 

တချိန်က နာမည်ကျော် Play Boy မဂ္ဂဇင်း မော်ဒယ်တစ်ဦးဖြစ်တဲ့ Dorrie Jacobson ဟာ၊ မိတ်ကပ် ပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ အသက်ရွယ်ရလာတဲ့အခါမှာတော့ ဖက်ရှင် ကျကျပဲ အလုပ်က အနားယူပြီးတဲ့နောက်မှာ လော့စ်အိန်ဂျလိစ်မြို့ နေထိုင်ရင်း သက်ကြီးပိုင်း အမျိုးသမီးတွေကိုရည်ရွယ်ပြီး ဖက်ရှင်၊ အလှအပ၊ နဲ့ lifestyle နဲ့ပတ်သက်ပြီး  ဘလော့ဂါတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

image
 

“အသက်ဆိုတာ နံပါတ်တစ်ခုတင် မဟုတ်ပါဘူး။ စိတ်သဘောထားခံယူချက်တစ်ခုလည်းဖြစ်ပါတယ်။ ကျွန်မဟာ အမျိုးသမီးတွေအားတက်လာဖို့ ကမ္ဘာ့အသက်အကြီးဆုံး မော်ဒယ်တစ်ယောက်ဖြစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်” လို့ Dorrie က ဘီဘီစီ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

အသက်အရွယ်ကြောင့် လုပ်ငန်းခွင်က အနားယူလိုက်ရပေမယ့်၊ ဘဝကို အနားယူစရာမလိုဘူးလို့ Dorrie က သူ့လိုပဲ တခြားအမျိုးသမီးကြီးတွေကို အားပေးစကားပြောလိုက်ပါတယ်။

Share

Loading Next Article...
က္က