ကိုယ့်ကိုပြန်မကြိုက်တာ လက်ခံနိုင်ပေမဲ့ ကိုယ့်အချစ်ဆုံးသူငယ်ချင်းကိုမှ သူက သဘောကျတယ်လို့ ပြောတဲ့အခါ

ရှားရှားပါးပါး တွေ့ထားတဲ့ crush လေး တစ်ယောက်ရှိတယ်။ စကားတွေပြောရင်းနဲ့ပဲ ရင်းနှီးလာစ ဖြစ်လာချိန် သူပြောလိုက်တာကတော့ ကိုယ့်ရဲ့အချစ်ဆုံးသူငယ်ချင်းကို သဘောကျတယ်ဆိုတာပါပဲ။ Crush က ကိုယ့်ကိုပြန်မကြိုက်တာ လက်ခံနိုင်ပေမဲ့ ကိုယ့်အချစ်ဆုံးသူငယ်ချင်းကိုမှ သူက သဘောကျတယ်လို့ ပြောတဲ့အခါ ကြေကွဲရတယ်လေ။ ဘာဆက်လုပ်ရမလဲ?

၁။ သူတို့ရဲ့ခံစားချက်တွေကိုလက်ခံလိုက်

badbestie521.jpg 

ပထမဆုံးအနေနဲ့ ကိုယ့် crush က ကိုယ့်ကိုမကြိုက်ဘူးဆိုတာကို လက်ခံလိုက်ပါ။ သူမှ ကိုယ့်ကိုမကြိုက်တာ ဘာလုပ်ရမလဲ။  ကိုယ့်ကိုယ်ကိုစိတ်ညစ်ခံပြီး မေးခွန်းတစ်ဒါဇင်လောက် မေးနေမယ့်အစား အရှိကိုအရှိအတိုင်း လက်ခံလိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။

၂။ သူတို့နှစ်ယောက်လုံးအပေါ် ရိုးသားပါ

guys-and-girls-flirting-feature-012517.jpg

ဘာလို့လဲဆိုတော့ ဒီအခြေအနေမှာ ကိုယ့်အနေနဲ့ နှစ်ဘက်လုံးကို ခင်တွယ်နေတာကိုး။ သူငယ်ချင်းကိုလည်း ချစ်တယ်။ Crush ကိုလည်း သဘောကျတယ်။ မနာလို၊ ဒေါသထွက်၊ ကြေကွဲရတာတွေ ဘာဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်းသာ ပြောပြလိုက်ပါ။ လိမ်ညာနေရင် ပိုဆိုးကုန်မယ်။

၃။ စည်းမျဉ်းလေးတော့ထား

သူတို့ချင်း အဆင်ပြေသွားတာလည်း ဖြစ်နိုင်တယ်။ ပြောလို့မရဘူးလေ ကိုယ့်နောက်ကွယ်မှာ တွေ့ချင်တွေ့နေကြမှာပေါ့။ သူတို့ကို နားလည်ပေးသလို ကိုယ့်ကိုနားလည်ပေးဖို့လည်း ကြိုပြောထားပါ။ ကိုယ့်ရှေ့မှာ မျက်စိနောက်အောင် လာလုပ်ပြရင် ထသာထွက်ခဲ့လိုက်။

၄။ ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထား

77da8c19a09ad133412b5beb931346a9.jpg 

ကိုယ့်မှာ တခြားအပေါင်းအသင်းတွေရှိတယ်မဟုတ်လား၊ သူတို့နဲ့ပဲနေ။ အခင်ဆုံးသူငယ်ချင်းနဲ့ စကားမပြောဖြစ်လို့ဆိုပြီး ကြိတ်ဆွေးနေရင် ဆက်ဆံရေးက ပြေလည်မှာမဟုတ်ဘူး။ သူတို့ကို ခဏလောက် ပလစ်ထားလိုက်လေ။ ကိုယ့်ဘာသာ တခြား ပျော်စရာလေးတွေ လုပ်နေတာ ပိုကောင်းပါတယ်။

Share

Loading Next Article...
က္က