တစ်ခါအားသွင်းထားပြီး သုံးရက်ကျော်အထိ အသုံးခံမယ့် 5G ကွန်ရက်ပါ တန်ဖိုးနည်း Rugged Phone ထွက်လာပါတယ်။
ဥရောပနဲ့ အမေရိကန်ဈေးကွက်ထဲ ထိုးဖောက်လာနေတဲ့ တရုတ်စမတ်ဖုန်းကုမ္ပဏီ Hotwav ဟာ အကြမ်းပတမ်း အသုံးခံတဲ့ Rugged 5G ကို ကြေညာလိုက်တာပါ။ Hotwav Cyber 7 ဟာ မူရင်းဈေး ၂၉၉ ဒေါ်လာနဲ့ ထွက်တဲ့ဖုန်းဖြစ်ပြီး အမေရိကန်နဲ့ ဥရောပဈေးကွက်တွေအတွက် Free Shipping နဲ့အတူ ဒေါ်လာ ၁၀၀ လျှော့ဈေးပေးသွားမယ်လို့ ဆိုပါတယ်။ နောက်ထပ် ပိုစိတ်ဝင်စားဖို့ ကောင်းတာက ဒေါ်လာ ၂၀၀ ဈေးနဲ့ 5G ဖုန်းတစ်လုံးကို ပိုင်မယ့်အပြင် Hotwav C1 စမတ်နာရီတစ်လုံးပါ Free Gift မှာ ဖြစ်ပါတယ်။
Photo: droidafrica
အောက်တိုဘာ ၂၅ ရက်ကနေ ၃၁ ရက်နေ့အတွင်း ဝယ်သူတွေကို အခုလို လျှော့ဈေးနဲ့ Free Gift ပေးနေတာပါ။ Hotwav Cyber 7 ဟာ ပရီမီယံ Rugged ဖုန်းဖြစ်ပြီး Waterdrop notch ဒီဇိုင်းနဲ့ လာပါတယ်။ ကျောဘက်အလယ်မှာ ထောင်လိုက်လေးလုံးတွဲကင်မရာတန်း သုံးထားတာ ဖြစ်ပါတယ်။ အကြမ်းပတမ်း အသုံးခံနိုင်အောင် ထုတ်ထားတဲ့ Rugged Phone ဖြစ်တဲ့အတိုင်း သုံးထားတဲ့ပစ္စည်းတွေဟာ Highly Durable ဖြစ်တဲ့အပြင် ရေနဲ့ ဖုန်တင်ဒဏ်ကို IP68/69K Rating နှုန်းနဲ့ ကာကွယ်နိုင်မှာပါ။
Hotwav Cyber 7 ဟာ မျက်နှာပြင်ဆိုဒ် ၆.၃ လက်မ FHD+ display နဲ့လာပြီး အပေါ်မှာ အကြမ်းခံမှုမြင့်မားတဲ့ Corning Gorilla Glass မှန် အုပ်ထားပါတယ်။ ကျောဘက်ကင်မရာပိုင်းအတွက် 48MP main sensor ၊ 8MP wide-angle sensor ၊ 2MP macro lens ၊ အနီအောက်ရောင်ခြည်နဲ့ ညဘက်ရိုက်ကူးရေးလုပ်နိုင်မယ့် 20MP HD Night Vision ကင်မရာတို့ ပါရှိပါတယ်။
Photo: droidafrica
processor အနေနဲ့ 5G support ပါ MediaTek Dimensity 700 SoC နဲ့ အားကောင်းတဲ့ GPU တစ်ခု သုံးထားပြီး RAM 8GB/128GB storage နဲ့ ထွက်ထားပါတယ်။ ဘက်ထရီပါဝါ 8280mAh ဟာ standby အနေအထားမှာ နာရီပေါင်း ၆၀၀ အထိ အားခံပြီး ပုံမှန်အသုံးပြုမယ်ဆို သုံးရက်ကျော် အသုံးခံမယ်လို့ ဆိုပါတယ်။ အားသွင်းမှုအနေနဲ့ 18W Fast Charging ပံ့ပိုးထားပါတယ်။
Hotwav ဟာ ၂၀၀၈ ကတည်းက စပြီး အရှေ့အလယ်ပိုင်းနဲ့ အရှေ့တောင်အာရှတွေမှာ စမတ်ဖုန်းတွေ ရောင်းချနေတာဖြစ်ပြီး လစဉ်ဖုန်း တင်ပို့မှု အလုံးရေ ၃ သိန်းခန့် ရှိတယ်လို့လည်း ဆိုပါတယ်။