• Featured

    Billoboard ရဲ့ရောင်းအားအကောင်းဆုံး စာရင်းမှာ ထိပ်ဆုံးရောက်သွားတဲ့ BTS

BTS ရဲ့ 'Love Yourself: Tear' အယ်လ်ဘမ်ပါ။
image
 

BTS က ဒီတစ်ပတ် (မေလ နောက်ဆုံးပတ်) Billobard ရဲ့ Top 200 စာရင်းမှာ ထိပ်ဆုံးကို ရောက်ရှိသွားပါပြီ။ ဒီနေရာကို K-pop အဖွဲ့တစ်ခုအနေနဲ့ရတာ ပထမဆုံးအကြိမ်ဖြစ်တဲ့အပြင် 'Love Yourself: Tear' အယ်လ်ဘမ်က ၁၂ နှစ်အတွင်းမှာ ထိပ်ဆုံးနေရာကို ရယူနိုင်တဲ့ ပထမဆုံး (အင်္ဂလိပ်သီချင်းမဟုတ်တဲ့) နိုင်ငံခြားသီချင်းခွေ ဖြစ်ပါတယ်။

image
 

၂၀၁၇ ခုနှစ် အောက်တိုဘာတုန်းကလည်း BTS ရဲ့ Love Yourself: Her အယ်လ်ဘမ်ဟာ Billboard မှာ နံပါတ် ၇ နေရာကို ရောက်ရှိခဲ့ဖူးပါတယ်။

BTS ရဲ့ Army ကတော့ တွစ်တာမှာ အောင်ပွဲခံနေကြပြီး BTS ရဲ့အောင်မြင်မှုကို ဂုဏ်ယူကြောင်း ပြောဆိုကြနေတာပါ။

BTS ရဲ့ အယ်လ်ဘမ်တွေဟာ Billboard ရဲ့ Top 200 အယ်လ်ဘမ်စာရင်းမျာ မကြာခဏဆိုသလို ပါဝင်လေ့ရှိပါတယ်။ ဒါပေမဲ့ Love Yourself အယ်လ်ဘမ်တွေပဲ Top 10 စာရင်းဝင်ခဲ့တာပါ။ သူတို့အဖွဲ့က 2017 Billboard Music Awards ရဲ့ Top Social Artist ဆုကို ရရှိခဲ့ဖူးပါတယ်။

 

BTS ဟာ အဖွဲ့ဝင် ၇ ဦး ပါဝင်တဲ့ တောင်ကိုရီးယားအဆိုတော်အဖွဲ့ ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၃ ခုနှစ် ဇွန်လမှာ "No More Dream" ဆိုတဲ့ သီချင်းနဲ့ Kpop လောကထဲကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီသီချင်းဟာ New Artist of the Year ဆုတွေ များစွာ ရရှိခဲ့ပါတယ်။ သူတို့အဖွဲ့က ပထမဆုံးသီချင်းခွေကတည်းက Billboard 200 အတွင်း ဝင်ခဲ့တာ ဖြစ်ပါတယ်။

Source : Billboard

Share

Duwun on Youtube
>
Loading Next Article...
က္က