သရုပ်ဆောင်ပိုင်အုပ်စိုးအောင်ဟာ နှုတ်ခမ်းနီမလေးတွေ သဘောကျတဲ့ ငယ်ငယ်ချောချော အနုပညာရှင် ကောင်လေး တစ်ယောက်ပါ။ ရည်းစားမရှိသေးတဲ့အတွက် အထင်အမြင်လွဲမှားခံရမှုတွေရှိကြောင်း ပြောပြလာရင်း သူ့စိတ်ကူးအိပ်မက်ထဲက မိန်းကလေးရဲ့ ပုံစံကိုလည်း ဖွင့်ဟခဲ့ပါတယ်။
Photo: Paing Oak Soe Aung Fb
တီဗီကြော်ငြာ တွေ၊ မဂ္ဂဇင်းကာဗာ တွေ အပြင်၊ ဖေ့စ်ဘွတ်ပေါ်ကနေတဆင့် မိန်းကလေးပရိသတ်တွေ အားပေးမှု ရရှိထားတဲ့ သရုပ်ဆောင် ပိုင်အုပ်စိုးအောင်ဟာ လတ်တလောမှာ Gay တစ်ယောက်ပါ ဆိုပြီးတော့ စွပ်စွဲခံနေရကြောင်း Duwun Media ကို ပြောပြလာ တာ ဖြစ်ပါတယ်။
'' ကျွန်တော် ကြိုက်တဲ့ ကောင်မလေးပုံစံတွေတော့ တွေ့ပါတယ်။ ဒါပေမယ့် ကြောက်တယ်ဗျာ၊ ရည်းစားမထားရဲသေးဘူး။ ဒီလို ရည်းစား မထား လို့လည်း ဘုန်းမင်းနေလ နဲ့ ပုံတွေကို Troll ပြီးတော့ Gay ဆိုပြီးတော့ အပြောခံနေရတာ'' ဆိုပြီးတော့ ပိုင်အုပ်စိုးအောင်က ရယ်ရယ် မောမောနဲ့ ပြောပါတယ်။
Photo: Phone Min Nay La Fb
ပိုင်အုပ်စိုးအောင်ဟာ ဘာကြောင့် ရည်းစားမထားသေးတာလဲဆိုတဲ့ မေးခွန်းကိုလည်း ပိုင်အုပ်စိုးအောင်က အခုလို ပွင့်ပွင့်လင်းလင်း ပြောပြပါတယ်။
'' ကျွန်တော်က အရမ်းချစ်တတ်တယ်၊ အဲ့ဒါကြောင့်လည်း အခုထိ Single ဖြစ်နေတာပါ။ အသည်းခွဲ ခံရမှာလည်း ကြောက်တယ်။ ကျွန်တော် ချစ်သလို ကျွန်တော့်ကို ပြန်မချစ်မှာလည်း အရမ်းကြောက်တယ်။ အသည်းကွဲမှာ အရမ်းကို ကြောက်ပါတယ်'' လို့ ပိုင်အုပ်စိုးအောင်က ဇူလိုင်လ ၁၂ ရက်နေ့မှာ ကြွေရုပ်ရှင် ဇာတ်ကား အထူးပြပွဲကို တက်ရောက်လာရင်း ဖြေကြားခဲ့ပါတယ်။
Troll များလည်း မေတ္တာသုတ်ရွတ်မယ် ဆိုတဲ့ ပိုင်အုပ်စိုးအောင်
သူသဘောကျတဲ့ ကောင်မလေးရဲ့ ပုံစံကို မေးမြန်းချိန်မှာတော့ အမေနဲ့ အဆင်ပြေမယ့်ဖို့က အဓိကဖြစ်တယ်လို့ဆိုရင်း သူ့စိတ်ကူးထဲက မိန်းကလေးပုံစံကို ပြောပြလာပါတယ်။
'' ကျွန်တော်လိုချင်တဲ့ မိန်းကလေးပုံစံက အိနြေ္ဒရှိရမယ်၊ သိက္ခာရှိရမယ်၊ ဆံပင်ရှည်ရှည်လေးနဲ့ အသားလည်းဖြူရမယ်။ ပြီးတော့ ကျွန်တော့်ကို နားလည်ပေးနိုင်မယ့် မိန်းကလေးမျိုးပေါ့နော်။ ပြီးတော့ အမေ နဲ့ အဆင်ပြေဖို့က အဓိကပေါ့။ မိဘရှာပေးတာကို ယူရမယ်ဆိုရင်တော့ Good ပဲပေါ့။ ကိုယ့်ဘာသာ ကိုယ် ရှာရင်လည်း ရှာရမှာပေါ့'' ဆိုပြီးတော့ မိခင်ဖြစ်သူကို စနောက်ရင်း ဆိုပါတယ်။
Photo: Phone Min Nay La Fb
တက်သစ်စ အနုပညာရှင်လေး ပိုင်အုပ်စိုးအောင်က ပရိသတ် အားပေးရကျိုးနပ်အောင်လည်း ပိုကြိုးစားသွားမယ် ဖြစ်ကြောင်း၊ အနုပညာ အလုပ်နဲ့ ပတ်သက်လို့ အခွင့်အရေးရရင် ရရှိလာတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချပြီး ကြိုးစားသွားပါမယ်လို့ သူ့ကို အားပေးတဲ့ ပရိသတ်တွေကို Duwun Medai ကတစ်ဆင့် ပြောပြသွားပါတယ်နော်။
Share