ဂီတလောကမှာ အောင်မြင်မှု ရရှိထားသူ တစ်ယောက်ဖြစ်သလို ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရထားတဲ့ အဆိုတော် အိမ့်ချစ်က ပရိသတ်တွေအတွက် အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေပါပြီ။ ဘယ်လိုရသသစ်တွေနဲ့ ခံစားမှု အသစ်တွေ ပေးစွမ်းဦး မလဲဆိုတာ ပရိသတ်တွေက ရင်ခုန်စွာနဲ့ စောင့်နေကြပါပြီ။

Photo : အိမ့်ချစ် FB
ဂီတလောကမှာ အောင်မြင်မှု ရရှိထားသူ တစ်ယောက်ဖြစ်သလို ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အဆိုတော် အိမ့်ချစ်က ပရိသတ်တွေအတွက် အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေပါပြီ။ ခံစားမှု အသစ်သစ်တွေ ပေးစွမ်းနိုင်အောင် ကြိုးစားနေတဲ့ အဆိုတော်တွေထဲကမှ သူမကလည်း သူမရဲ့ ပရိသတ်တွေကို ခံစားအသစ်တွေ ပေးစွမ်းနိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
အိမ့်ချစ်ဟာ နောက်နှစ်မှာ ကျရောက်မယ့် သူမရဲ့ မွေးနေ့မှာ ပရိသတ်တွေအတွက် Birthday Concert လေး လုပ်ပေးဖို့အတွက် စဉ်းစားထား တယ်လို့ သိရပါတယ်။ သူမစဉ်းစားထားတာလေးကိုလည်း အကောင်အထည်ဖော်နိုင်ဖို့ အတွက် ကြိုးစားနေတယ်တဲ့။ သူမက Birthday Concert လုပ်မယ့်နေ့ကိုပါ တစ်ခါတည်း ကြေညာထားတာ တွေ့ရပါတယ်။
Photo : အိမ့်ချစ် FB
"ဒီတစ်ခေါက် မွေးနေ့ကျရင်တော့The Birthday Concert လုပ်မယ်.! ကြိုးစားနေတယ်လုပ်နိုင်ဖို့ .! Save The Date.! 31st March of 2019.!" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၂၁) ရက်နေ့ ရေးသားထားတာ ဖြစ်ပါတယ်။
ပရိသတ်တွေကတော့ သူမရဲ့ birthday Concert အတွက် ရင်ခုန်နေပါပြီ။ ဖျော်ဖြေပွဲ ကျင်းပမယ့် နေရာကိုလည်း အိမ့်ချစ်က သေချာရင် ပြန်ကြေညာပေးပါ့မယ်လို့ ကောမန့်မှာ ပြောထားတာ တွေ့ရပါတယ်။
Photo : အိမ့်ချစ် FB
Myanmar Idol ပြိုင်ပွဲဝင်တွေဘက်က ရပ်တည်လိုက်တဲ့ အိမ့်ချစ်
ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ သူမဟာ မိဘ၊ဆရာသမားတွေသာမက ဘာသာရေးကို ကိုင်းရှိုင်းပြီး ကိုယ့်လုပ်တဲ့အလုပ်တစ်ခု ကို အမြဲတမ်း အကောင်းဆုံးဖြစ်အောင် ကြိုးစားတတ်တဲ့ သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုကို ရရှိထားနိုင်တာ ဖြစ်ပါတယ်။
အိမ့်ချစ်(Eint Chit) ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့ မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော် ဖြေလာ သူ တစ်ဦးလည်း ဖြစ်ပါတယ်။
Photo : အိမ့်ချစ် FB
အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။