တရားခံကို မဖမ်းမိသေးပါဘူး

မြိတ်မြို့ အနောက်လယ်ရပ်ကွက်ရှိ ကမ္ဘောဇ ဘဏ်ခွဲ ၃ မှာ ဒီနေ့ သြဂုတ်လ ၂၄ ရက် နေ့ခင်းကြောင်တောင်မှာ ဓါးထောက်လုယက်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ မြိတ်မြို့နယ်ရဲတပ်ဖွဲ့ကနေစုံစမ်းသိရှိရပါတယ်။

39786304_1092148454275327_8980504972139429888_n.jpg

Photo - Ko Kyaw Swe

အရပ် ၅ ပေ ၆ လက်မခန့်လောက်ရှိတဲ့ အမျိုးသားတစ်ဦးက ဓါးရှည်တစ်ချောင်းကိုင်ပြီး ဘဏ်အတွင်းဝင်ရောက်ဓားပြခြိမ်းခြောက်ပြီးကောင်တာအတွင်းက ထောင်တန်အုပ်တွေကိုယူသွားပြီး ဆိုင်ကယ်နဲ့ ထွက်သွားတာပါ။ စုစုပေါင်း ငွေ ငါးသိန်းပါသွားတယ်လို့သိရပါတယ်။

လုယက်မှုမှာ ငွေ ငါးသိန်းခန့်ပါသွားပြီး လုယက်ထွက်ပြေးသူကို လိုက်လံဖမ်းဆီးနေတယ်လို့ မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက Duwun ကိုပြောပါတယ်။

“အနောက်လယ်ရပ်ကွက်က ၈ လမ်းနားက ကမ္ဘောဇဘဏ်မှာပါ။ တရားခံကို မတွေ့သေးဘူး။ စုံစမ်းဖမ်းဆီးဆဲပဲရှိသေးတယ်” လို့ ရဲအရာရှိက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက် မွန်းလွဲ (၃) နာရီကျော်လောက်ကလည်း မြစ်ကြီးနားမြို့မဈေး ပထမထပ်မှာရှိတဲ့ ကမ္ဘောဇဘဏ် မီနီဘဏ်ကနေ ငွေကျပ် သိန်းကိုးရာကျော် ဓားပြတိုက် လုယူခံခဲ့ရဖူးပါတယ်။

Share

Loading Next Article...
က္က