ခရမ်းရောင်ကောဇောပြင်ကြီးနဲ့တူတဲ့ လာဗင်ဒါပန်းခင်းကြီးတွေကိုမြင်ဖူးရုံနဲ့ နှစ်သက်မြတ်နိုးကြမှာပါ။ ဓာတ်ပုံတွေထဲမှာ မြင်ဖူးတဲ့သူတွေကတော့ လာဗန်ဒါပန်းတွေရဲ့ရင်သက်ရှုမောဖွယ်အဆင်းသဏ္ဍန်ကို သဘောတွေ့မိကြမှာဖြစ်ပေမယ့် ကိုယ်တိုင်မြင်ဖူးတဲ့သူများအဖို့ကတော့သင်းပျံ့တဲ့မွှေးရနံ့ကြောင့်ဆွတ်ပျံ့ကြည်နူးကြရမှာအမှန်ပါပဲ။
လာဗန်ဒါဟာသာမန်မွှေးကြိုင်မှုသာမဟုတ်ဘဲအခြားအလှအပနဲ့ဆေးဘက်ဝင်အာနိသင်တွေလဲအများကြီးရှိပါသေးတယ်။ လာဗန်ဒါရဲ့ သင်းရနံ့ဟာ စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးနိုင်ပါတယ်။ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို အားပေးနိုင်ပြီး၊ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်နိုင်အောင်လည်း ကူညီ ပေးနိုင်ပါတယ်။ ခေါင်းကိုက်ခြင်း အပါအဝင်အခြား နာကျင် ကိုက်ခဲမှုတွေကိုလည်း သက်သာစေပါတယ်။
သိပ္ပံပညာရှင်များရဲ့အဆိုအရ မွှေးရနံ့တွေဟာ အမှတ်တရအဖြစ်အပျက်၊ ခံစားချက်တွေကို ချက်ချင်းသတိရ စေပါတယ်။ အာရုံတွေ အားလုံးထဲမှာ အချိန်အကြာဆုံးစွဲလန်းပြီး မှတ်မိနေနိုင်တဲ့ အာရုံဟာလည်းအနံ့အာရုံဖြစ်နေတဲ့အတွက် မွှေးရနံ့ဟာ အကောင်းဆုံးဆွဲဆောင်မှုလို့ဆိုနိုင်ပါတယ်။
LUX ကနေ ရေချိုးဆပ်ပြာရည် အမျိုးအစားအသစ်တစ်မျိုးဖြစ်တဲ့ Lavender Lush ရေချိုးဆပ်ပြာရည်ကို ထုတ်လုပ်လိုက်ပါပြီ။ လာဗန်ဒါပန်းတွေထဲကမှ ပြင်သစ်လာဗန်ဒါပန်းရဲ့အမွှေးရနံ့နဲ့ ဖန်တီးထုတ်လုပ်ထားတာ ဖြစ်ပြီး လန်းဆန်း၊သင်းပျံ့တဲ့မွှေးရနံ့ကို ပေးစွမ်းနိုင်ပါတယ်။ တစ်နေကုန်လန်းဆန်း မွှေးကြိုင်စေတဲ့ အတွက် ကျောင်းသွား၊အလုပ်သွားတဲ့အခါ လမ်းတစ်လျှောက် မွှေးပျံ့နေပြီး မိမိလိုရာခရီးရောက်တဲ့အခါ မှာလည်းမွှေးကြိုင်နေဦးမှာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်အဝရှိစေမှာ ဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေ၊သူငယ်ချင်းတွေ
ဒါမှမဟုတ် ချစ်သူနဲ့တွေ့တဲ့အချိန်တွေမှာလည်း မွှေးပျံ့ပြီး ဆွဲဆောင်မှုအပြည့်ရှိနေမှာအသေအချာပါပဲ။လာဗန်ဒါပန်းတွေရဲ့ထုံသင်းတဲ့ မွှေးရနံ့နဲ့ပတ်သတ်ပြီး မိုနာလီဇာပန်းချီကားရဲ့ ဖန်တီးရှင်ကမ္ဘာကျော် အီတလီဂန္ထဝင် ပန်းချီဆရာကြီး လီယိုနာဒိုဒါဗင်ချီရဲ့ ပြောစကား တစ်ခုကိုဖော်ပြပေးလိုက် ရပါတယ်။
ရေမွှေးကိုဖန်တီးဖို့ဆို နှင်းဆီရေနဲ့ လက်ကိုစင်ကြယ်လိုက်ပါ။
ပြီးတော့ လာဗန်ဒါပန်းတွေကို လက်ထဲမှာချေလိုက်ပါ။
ဒီလိုလုပ်ရုံနဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့မွှေးရနံ့နဲ့
ထုံသင်းနေမှာပါ။
- လီယိုနာဒို ဒါဗင်ချီ