• တိုင်းအစိုးရက ဝယ်ယူထားတဲ့ကျောင်းကား ၂၀၀ အနက်  ၆၅ စီးကိုသာအသုံးပြု

ကျောင်းကားတွေကို  catchment areas သတ်မှတ်ချက်မရှိတဲ့ကျောင်းနှစ်ကျောင်းမှာပဲသုံးတယ်လို့ ပြောပါတယ်။

ရန်ကုန်တိုင်းအစိုးရက ဝယ်ယူထားတဲ့ ကျောင်းကား ၂၀၀ အနက် ၆၅ စီးကို ကျေ။ာင်းနှစ်ကျောင်းမှာကျောင်းကားအဖြစ်အသုံးပြုထားတယ်လို့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်က ပြောပါတယ်။

5.jpg 

အောက်တိုဘာ ၅ ရက်နေ့က ရန်ုကုန်တိုင်းဒေသကြီးလွှတ်တေ်ာမှာ ကိုကိုးကျွန်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းရဲ့ ကျောင်းကားနဲ့ ပါတ်သတ်တဲ့မေးမြန်းချက်ကို ဒေါ်နီလာကျော်က ဖြေကြားရာမှာ ပြောကြားခဲ့တာပါ။

ကျောင်းကားတွေကို  catchment areas သတ်မှတ်ချက်မရှိတဲ့ကျောင်းနှစ်ကျောင်းဖြစ်တဲ့ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်းနဲ့ ပညာရေးကောလိပ်လေ့ကျင့်ရေးအလယ်တန်းကျောင်းနှစ်ကျောင်းမှာမူဝါဒအရ ပြေးဆွဲပေးနိုင်တယ်လို့ ပြောပါတယ်။

“ catchment areas ဆိုတာ ပြည်ထောင်စုဝန်ကြီးဌာနက သတ်မှတ်ထားတာပါ။ အထက(၁)ဒဂုံမှာတက်မယ့်ကျောင်းသား၊သူက ဒဂုံမြို့နယ်မှာပဲနေရမယ်။ အထက(၂) လသာမှာတက်မယ့်သူက လသာမှာပဲနေရမယ်ဆိုတဲ့ catchment areas သတ်မှတ်ချက်ရှိပါတယ်။ လက်ရှိပြေးဆွဲနေတဲ့ ပုဂ္ဂလိကကျောင်းကားတွေက ဒီသတ်မှတ်ချက်ကို ချိုးဖောက်နေသလိုဖြစ်တဲ့အတွက် မူဝါဒအရ တိုင်းအစိုးရကဝယ်ထားတဲ့ ကျောင်းကားတွေကို ဒီဧရိယာသတ်မှတ်ချက်မရှိတဲ့ကျောင်းနှစ်ကျောင်း မှာပဲ လက်ရှိပြေးဆွဲနိုင်ပါတယ်” လို့ပြောပါတယ်။

ရန်ကုန်တိုင်းအစိုးရက ဝယ်ယူထားတဲ့ကျောင်းကားအစီးရေ ၂၀၀ အနက် ကျောင်းကားလိုအပ်တယ်ဆိုပြီးလျှောက်ထားတဲ့ကျောင်းပေါင်း ၂၁ ကျောင်းရှိပေမယ့် ဧရိယာသတ်မှတ်ချက်ကြောင့် ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း(ကမာရွတ်)အတွက်က  ၂၉ စီး၊ ပညာရေးကောလိပ်လေ့ကျင့်ရေးအလယ်တန်းကျောင်း (ရန်ကင်း) အတွက် ၂၇ စီးနဲ့ အရန်ယာဉ်အဖြစ် ၉ စီး ပေါင်း ၆၅ စီးကိုသာ ပြေးဆွဲနေရတယ်လို့ ဖြေကြားခဲ့ပါတယ်။

ကျန်တဲ့ကားတွေကိုတော့ပုံမှန်ပြုပြင်ထိန်းသိမ်းမှုတွေလုပ်ပြီးထားရှိထားတယ်လို့ ဖြေကြားခဲ့ပြီးတော့ catchment area သတ်မှတ်မထားတဲ့စာသင်ကျောင်းတွေမှာ လုပ်ဆောင်သွားမယ်လို့ ဖြေကြားခဲ့ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က