• ကမ်းနားလမ်း ဗြိတိသျှသံရုံးဘေး (၃၉) လမ်းအောက်ကို ပြန်ဖွင့်ပြီ

အဆိုပါ လမ်းမှာ အမေရိကန်မှာ ဖြစ်ခဲ့တဲ့ 9/11 ဖြစ်ရပ်ကြောင့် ပိတ်ထားခဲ့တာပါ။

ယာဉ်ကြောပိတ်ဆို့မှုတွေ လျှော့နည်းစေဖို့၊  ပြည်သူတွေနဲ့ယာဉ်တွေ ဖြတ်သွားလာနိုင်ဖို့  ကျောက်တံတားမြို့နယ် (၃၉ လမ်း ၄၀) ကုန်သည်လမ်းနှင့်ကမ်းနားလမ်းကြားရှိ ဗြိတိသျှသံရုံဘေး  (၃၉) လမ်းအောက်ကို ဒီနေ့ အောက်တိုဘာ ၉ ရက်နေ့က စတင်ပြီး ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ ရန်ကုန်မြို့တော်ဝန်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

 

image
 

အဆိုပါ လမ်းမှာ ကမ်းနားလမ်းက အဝင် တစ်လမ်းမောင်းစနစ်ဖြစ်ပြီး အမေရိကန်မှာ 9/11 ဖြစ်ရပ်ဖြစ်ပွား

ခဲ့တဲ့ ၂၀၀၁ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့မှစတင်ကာအရံအတားတွေကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

 

image
 

လမ်းပြန်လည်ဖွင့်လှစ်ပွဲကို ဒီနေ့ အောက်တိုဘာ ၉ ရက် မနက် ၈ နာရီခွဲမှာ နိုင်ငံခြားရေးဝန်ကြီးရုံးတာဝန်ရှိသူတွေ၊ ဗြိတိသျှသံရုံးမှ သံအမတ်တွေ၊လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ဦးဆောင်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

 

 

မကြာမီကာလ အတွင်းမှာလည်း လမ်း(၄၀)ကမ်းနားဘလောက်ကို ဆက်လက်ဖွင့်လှစ်နိုင်သွားဖို့ ဆောင်ရွက်သွားမယ်လို့ အသိပေးကြေညာကြောင်း ရန်ကုန်မြို့တော်ဝန်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က