• ကျောင်းပြောင်းရွှေ့ခံရတဲ့TTC ကျောင်းအုပ် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အသနားခံစာတင်

အောက်တိုဘာ ၁၅ ရက်က ကျောင်းပြောင်းရွှေ့ခြင်းမပြုလုပ်ဖို့ အသနားခံစာပေးပို့ထားတာပါ။

TTC ကမာရွတ်ကျောင်းအုပ်ကနေ အ.ထ.က (၇) မင်္ဂလာဒုံသို့ ရုတ်တရက်ပြောင်းရွှေ့ခံရတဲ့ TTC ကမာရွတ် ကျောင်းအုပ် ဒေါက်တာမိုးသူက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံ အောက်တိုဘာ ၁၅ ရက်က အသနားခံစာပေးပို့ထားတယ်လို့ သိရပါတယ်။

image
 

 

TTC ကမာရွတ်ကျောင်းကို ကျောင်းသို့ ရောက်ရှိပြီး ၂ နှစ် မပြည့်သေးခင်အချိန်မှာ သတိပေးမှုမရှိဘဲ ကျောင်းပြောင်းရွှေ့စာထုတ်လာတဲ့အတွက် အခုလုပ်ရပ်ဟာ ဝန်ထမ်းတစ်ယောက်ကို မတရားပြုကျင့်မှုဖြစ်တယ်လို့ ဒေါက်တာမိုးသူရဲ့ အသနားခံစာမှာ ရေးသားထားပါတယ်။

ဒေါက်တာမိုးသူအနေနဲ့ သင်ကြားရေးကို အမှန်တကယ်ဝါသနာပါသူတစ်ယောက်ဖြစ်ပြီး စာသင်ကြားခြင်းနဲ့ ဆက်စပ်နေတဲ့ ကျောင်းအုပ်အလုပ်ကို စိတ်ရော ကိုယ်ပါ လုပ်ဆောင်နေတဲ့သူတစ်ဦးကို ချီးမြှောက်ခြင်းမရှိတဲ့အပြင် ကာယံကံရှင်သဘောဆန္ဒမပါဘဲ ကျောင်းပြောင်းရွှေ့ အမိန့်ထုတ်ခဲ့တယ်လို့ သိရပါတယ်။

“ ကျွန်မသွားမေးပြီးပါပြီ။ အပြစ်လုပ်ထားတဲ့သူဆိုရင်တော့ နယ်အဝေးတွေကို ပို့တာတဲ့။ အခုက Transfer လုပ်တယ်လို့  ကျွန်မကို ပြောပါတယ်။ ကျွန်မအနေနဲ့ ဘယ်သူ့ကိုမှ အဆင့်အတန်းခွဲခြင်းလည်းမရှိဘူး။ ကျွန်မနဲ့ ထိုက်တန်တဲ့အရာကိုပဲ ကျွန်မကလုပ်ချင်တာလေ။ ကျွန်မသည်ဒီကျောင်းမှာ သေသေချာချာ လုပ်နေတာဖြစ်တဲ့အတွက် ဆရာဆရာမတွေရော၊မိဘတွေရော တငိုငိုတရီရီဖြစ်နေတဲ့အတွက် ကျွန်မကို ဒီကျောင်းပဲ ပြန်ပေးပါလို့ ပြောချင်ပါတယ်။ ဘယ်နေ့စပြောင်းရမယ်ဆိုပြီးတော့ ညွှန်ကြားထားတာမရှိပါဘူး။ ကျွန်မ စပြောင်းရွှေ့တဲ့နေ့ကစပြီး ပြောင်းလို့ရပါတယ်ဆိုပြီး ပြောထားပါတယ်” လို့ ဒေါက်တာမိုးသူက Duwun မီဒီယာကို အောက်တိုဘာ ၁၇ ရက် က ပြောပါတယ်။

 

ဒေါက်တာမိုးသူအနေနဲ့ TTC ကမာရွတ်ကျောင်းမှာ နေ့စဉ် မနက် ၇ နာရီမှ ည ၉ နာရီ အထိ တာဝန်ထမ်းဆောင်နေတာကို မည်သည့်အကြောင်းပြချက်မရှိဘဲ  မြို့ပြင် အ.ထ.က (၇) မင်္ဂလာဒုံကို ပြောင်းရွှေ့ခဲ့ပြီး အခုလို အရှက်တကွဲ ဂုဏ်သိက္ခာကျအောင် ဆောင်ရွက်ခဲ့တဲ့ တာဝန်ရှိသူအဆင့်ဆင့်ကို စိစစ်ပေးနိုင်ဖို့ လေးစားစွာဖြင့် အသနားခံစာတင်ပြအပ်ပါကြောင်း ရေးသားထားတာပါ။

အောက်တိုဘာ ၉ ရက်က ကျင်းပတဲ့ ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲ့မှုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ TTC ကမာရွတ် ကျောင်းအုပ် ဒေါက်တာ မိုးသူကို အ.ထ.က (၇) မင်္ဂလာဒုံကို ပြောင်းရွှေ့ခဲ့ပြီး ကွမ်းခြံကုန်းမြို့နယ် အထက တော်လန်းကျောင်းအုပ် ဒေါ်ဝင်းဝင်းနွယ်ကို TTC ကမာရွတ် ကျောင်းအုပ် အဖြစ် ပြောင်းရွေ့ခန့်ထားလိုက်တယ်လို့ အခြေခံပညာဦးစီးဌာနက အောက်တိုဘာ ၁၁ ရက်မှာ အမိန့်ကြော်ငြာစာထုတ်ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က