• ဆန်းချက် မန်ယူက ထွက်ခွာတော့မယ်လို့ သတင်းတွေထွက်ပေါ်လာ

နည်းပြမော်ရင်ဟိုက ဆန်းချက်ကိစ္စ စိတ်မဝင်းစားနိုင်ဘူး ဖြစ်နေပါတယ်။

ဆန်းချက်က မန်ယူကို ရောက်ပြီး ၉ လအတွင်းမှာ အာဆင်နယ်မှာ ရှိခဲ့တဲ့ ခြေစွမ်း လုံးဝမပြသထားနိုင်ပဲ ပြီးခဲ့တဲ့ ဧပြီလကတည်းက သွင်းဂိုးပျောက်ဆုံးနေမှုကိုလည်း နယူးကာဆယ်နဲ့ပွဲကျမှ ပြန်လည်ရရှိထားနိုင်ပြီး ၄ လလောက် ဂိုးပေါက်ပျောက်ခဲ့သူ ဖြစ်ပါတယ်။

image

Photo - @PA

 

ဒေးလီးမေးလ် သတင်းစာရဲ့ ဖော်ပြချက်အရ မန်ယူအသင်းက ချီလီ လက်ရွေးစင် တိုက်စစ်မှူး ဆန်းချက်အနေနဲ့ အသင်းက ထွက်ခွာဖို့ အတွက် လွန်ဆွဲနေပြီလို့ သိရပါတယ်။

"လူကာကူလို တိုက်စစ်မှူးမျိုးနဲ့ ပရီးမီးယားလိဂ်ရမှာမဟုတ်ပါဘူး"- ပေါလ်စခိုး 

ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဆန်းချက်ကို ဥရောပက ကလပ်အသင်းအချို့က စိတ်ဝင်စားနေပြီး ဆန်းချက်ကိုယ်တိုင်ကလည်း မန်ယူက ထွက်ခွာဖို့ များနေတယ်လို့ သိရပါတယ်။

image

Photo - Getty Images

 

ဆန်းချက်အနေနဲ့ မန်ယူအသင်းမှာ ၉ လကြာ ကျင်လည်ခဲ့ပြီးတဲ့အချိန်မှာတောာ့ အဆင်နယ်မှာ ရှိစဉ်တုန်းက ခြေစွမ်းမျိုးကို ပြသပေးနိုင်ခြင်းမရှိ ပဲ ပြီးခဲ့တဲ့ ဧပြီလကတည်းက ဂိုးပေါက်ပျောက်ဆုံးနေမှုကိုလည်း ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာ အနိုင်ဂိုးသွင်းပြီး ဂိုးပြန်လည်သွင်းယူထားနိုင်တာ ဖြစ်ပါတယ်။

ဆန်းချက်ရဲ့ အသင်းနဲ့ ပြသထားတဲ့ ခြေစွမ်းအပါအဝင် အသင်းက ထွက်ခွာမယ့်အပေါ်မှာတော့ နည်းပြ မော်ရင်ဟိုက တစ်စုံတစ်ရာ စိတ်ဝင်စား ခြင်းမရှိဘူးလို့လည်း ဗြိတိန်မီဒီယာတွေက ရေးသားဖော်ပြလာပါတယ်။

Photo - REX

 

အကြောင်းကတော့ တိုက်စစ်ပြဿနာထက် အခြားတစ်ဖက်က ခံစစ် ပြဿာနကို မော်ရင်ဟို ပိုမို စိုးရိမ်နေရပြီး ပြုပြင်နိုင်ဖို့ ကြိုးပမ်းနေရတာ ကြောင့်လို့လည်း သုံးသပ်ဖော်ပြနေကြပါတယ်။

မန်ယူအသင်းကတော့ ဒီတစ်ပတ်မှာ ချဲလ်ဆီးအသင်းနဲ့ ပွဲကြပ် ရင်ဆိုင်ကစားဖို့ရှိနေပြီး ရလဒ်ကောင်းရဖို့အတွက် နည်းပြမော်ရင်ဟိုအတွက် ရော မန်ယူအသင်းအတွက်ပါ လိုအပ်နေပါတယ်။

နောက်ထပ် ခေါင်းခဲစရာကတော့ နှစ်ကြိမ်ဆက်တိုက်တွေ့ရမယ့်ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်အသင်းနဲ့ ချန်ပီယံလိဂ် ပွဲအပါအဝင် မန်စီးတီးနဲ့တွေ့မယ် မန်ချက်စတာ ဒါဘီပွဲတွေပဲ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က