• ကင်မရာ ၄ လုံးနဲ့ကမ္ဘာ့ပထမဆုံး Blockchain ဖုန်း HTC ကြေငြာ

၃၄ နိုင်ငံမှာ ဖြန့်ချိသွားမှာပါ

ဒစ်ဂျစ်တယ်ငွေကြေးစနစ်တစ်ခုအဖြစ် လူသိများတဲ့ cryptocurrency သုံးသူများအတွက် ပိုက်ဆံအိတ်တစ်လုံးလို သုံးနိုင်မယ့် ကမ္ဘာ့ပထမဆုံး Blockchain အထူးပြုဖုန်းကတော့ ဈေးကွက်မှာ တရားဝင် မိတ်ဆက်လာပြီ ဖြစ်ပါတယ်။

https_%2F%2Fblueprint-api-production.s3.amazonaws.com%2Fuploads%2Fcard%2Fimage%2F867805%2F54923220-fdae-491b-85c6-a15903a54745.png

Photo: Mashable

 

HTC Exodus 1 နာမည်နဲ့ထွက်လာတဲ့ ဒီဖုန်းဟာ Zion လို့ခေါ်တဲ့ crypto wallet နည်းပညာပါရှိပြီး ထိပ်တန်းနည်းပညာတွေနဲ့ထွက်လာတာပါ။ Exodus 1 ဟာ CryptoKitties တို့လို Decentralized app (DApps) တွေအတွက်လည်း သီးသန့်ပံ့ပိုးမှုပါတဲ့ ဖုန်းဖြစ်ပြီး cryptocurrency ဆိုင်ရာ protocols တွေအများကြီးနဲ့ကိုက်ညီမှု ရှိတယ်လို့လည်း ကုမ္ပဏီက ကြေငြာထားပါတယ်။

Zion wallet စနစ်ကြောင့် blockchain currency တွေကို cloud မှာထက် ဖုန်းမှာတင် ကိုယ်ပိုင်စနစ်နဲ့လုံခြုံမှု မြင်အောင် ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ လုံခြုံရေးအရ ဖုန်းပျောက်သွားရင် အထဲက crypto currency တွေကို ပြန်ပြီး ဆယ်လို့ရစေဖို့Social Key Recovery ပါရှိမှာပါ။ဒီ key ကို ကိုယ်ယုံကြည်ရတဲ့ သူတွေဆီ ပေးထားလို့ရပြီး Shamir ရဲ့ Secret Sharing လို့ခေါ်တဲ့ key တွေခွဲထားတဲ့ နည်းပညာလည်း ဖြစ်ပါတယ်။

OS စနစ်ပိုင်းမှာ Android OS ကနေ ထွက်လာတာ ဖြစ်ပြီး SoftBank ပိုင် Arm Holdings ကနေ ထုတ်တဲ့ cryptocurrency လုံခြုံရေး စနစ်ကို ဦးစားပေးထားတာပါ။ ထူးခြားတာက ဒီဇိုင်းပိုင်းမှာ HTC U12+ စတိုင် ကျောဘက်မှာ ထွင်းဖောက်မြင်ရတဲ့ ဒီဇိုင်းနဲ့လာပြီး တကယ့် ထိပ်တန်းဖွဲ့စည်းမှုတွေကို ဒီဖုန်းမှာ မြင်ရမှာ ဖြစ်ပါတယ်။

မျက်နှာပြင် ၆ လက်မ 1440p+ display ဟာ 18:9 aspect ratio သုံးထားပြီး ရေစိုဖုန်တင်ဒဏ်ခံနိုင်စွမ်းမှာ IP68 rating ရထားတဲ့ ဖုန်းလည်းဖြစ်ပါတယ်။ Snapdragon 845 processor နဲ့လာတဲ့ HTC Exodus 1 ဟာ RAM 6GB/ 128GB storage ပါရှိပြီး 3500 mAh ဘက်ထရီပါရှိမှာပါ။

ကျောဘက်မှာ 16MP dual cameras နဲ့လာပြီး ရှေ့မှာ 8MP dual selfie ကင်မရာ စုစုပေါင်း ကင်မရာ ၄ လုံး ပါဝင်တာကလည်း high-end ဖုန်းတစ်လုံးအတွက် အားရစရာကောင်းတဲ့ အချက် ဖြစ်ပါတယ်။ ဒီကင်မရာတွေဟာ ဗွီဒီယိုရိုက်ကူးရေးမှာ 4K ဗွီဒီယိုတွေကို 60fps နှုန်းနဲ့ရိုုက်ကူးနိုင်မှာပါ။

အသံစနစ်မှာ HTC ရဲ့ U-Sonic အသံနည်းပညာပါရှိသလို အသံအရည်အသွေးမြင့်မားတဲ့ BoomSound စနစ်လည်း ထည့်သွင်းထားတယ်လို့ဆိုပါတယ်။

Photo: MobileSyrup

 

HTC Exodus 1 ကို အမေရိကန် ၊ ထိုင်ဝမ် နဲ့ဟောင်ကောင်အပါအဝင် နိုင်ငံပေါင်း ၃၄ နိုင်ငံမှာ Bitcoin ဝ.၁၅ ခု (ဒေါ်လာ ၉၆၀ ဈေး) နဲ့ဖြန့်ချိသွားမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က