• ချစ်သူက လက်ထပ်ခွင့်တောင်းမယ့်နေ့ကို စောင့်နေတယ်ဆိုတဲ့ နန်းသူဇာ

ချစ်သူသက်တမ်း ၇ နှစ်ကျော်ပါပြီတဲ့။
[Zawgyi Version]

ချစ်သူ သက်တမ်း ၇ နှစ်ကျော်ပြီဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ ချစ်သူ နှစ်ဦးက တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု အပြည့်အဝ ထားတယ်လို့ ဆိုပါတယ်။ ကျော်ထွဋ်ဆွေ လက်ထပ်ခွင့်တောင်းလာမယ့် နေ့ကိုလည်း နန်းသူဇာက စောင့်နေပါ တယ်တဲ့။

 

ပရိသတ်တွေ အားကျရတဲ့ အနုပညာရှင်စုံတွဲ တစ်တွဲဖြစ်တဲ့ အဆိုတော် ကျော်ထွဋ်ဆွေနဲ့ သရုပ်ဆောင် နန်းသူဇာတို့ရဲ့ အချစ်ရေး အကြောင်း လေးတွေကို နန်းသူဇာက ပြောပြလာပါတယ်။ ကျော်ထွဋ်ဆွေရဲ့ လက်ထပ်ခွင့်တောင်းလာမယ့် Propose ကိုလည်း စောင့် မျှော်နေတယ်လို့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' အရမ်းကြီး ကြီးကျယ်နေရင်တော့ ကိုယ်လည်းသူ့ကိုကြည့်ပြီးတော့ ငါသာဆို သူ့နေရာမှာ ထွက်များ ထွက်ပြေးမိမလားပေါ့နော်။ လူမြင်တဲ့ နေရာမှာဆိုရင်တော့ ရှက်မိမှာပဲ။ ကွယ်ရာမှာ ဆိုရင်တော့ ဆိုင်လေးမှာ သူငယ်ချင်းတွေနဲ့ ပန်းစည်းလေးတွေနဲ့ Propose လုပ်ကြတာမျိုးပေါ့။ ကိုယ်ကတော့ သူများတွေကို ကြည့်ပြီးပဲ Ro ရတာပါ'' လို့ သူကဆိုပါတယ်။

Photo: နန်းသူဇာဖေ့စ်ဘွတ်

 

နန်းသူဇာတို့ အချစ်ရေးက အခုဆိုရင် ၇ နှစ်ကျော်ရှိ လက်တွဲ ခိုင်မြဲလာတာဖြစ်ပါတယ်။ အချိန်တွေ ကြာလာတာနဲ့ အမျှ တစ်ယောက်နဲ့ တစ်ယောက် ချစ်သူဆိုတာထက် မိသားစုဝင်တစ်ဦးလို ဖြစ်သွားတယ်ဆိုတာကို အောက်တိုဘာလ ၁၄ ရက်နေ့က Aroma 7 Years Anniversary မှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' အခုက တွဲလာတာလည်း ကြာပြီဆိုတော့ အကြောင်းတွေလည်း သိနေပြီလေ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်တယ် ဆိုတာထက် သူငယ်ချင်းလို၊ မိသားစုလို ဖြစ်သွားတာပေါ့နော်။ စနှိုက်ကြော်လို့ ရတယ်ဆိုရင် ကြော်သွားကြပါ။ ကြော်လို့မရဘူးဆိုတာလည်း သိနေတော့လေ နောက်တာပါ'' လို့ သဘောကျ ရယ်မောရင်းပြောပြလာတာဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို မေ့သွားလောက်အောင် ချစ်သူကိုချစ်တဲ့ ကျော်ထွဋ်ဆွေ 

Photo: နန်းသူဇာဖေ့စ်ဘွတ်

 

နန်းသူဇာဟာ ချစ်သူဖြစ်တဲ့ ကျော်ထွဋ်ဆွေကို ယုံကြည်တယ်လို့ ဆိုပါတယ်။ စိတ်ရင်းနဲ့ နှစ်နှစ်ကာကာ ချစ်ကြတာကြောင့်လည်း ဝေးကွာသွား မှာ မဟုတ်ဘူးလို့ ဆက်လက်ပြောပြလာပါတယ်။

''ယောကျ်ားတိုင်းကတော့ စိတ်မချရဘူးပေါ့နော်။ ဒါပေမယ့် ကိုယ့်ယုံကြည်မှုပေါ့နော် ကိုယ်က ယုံထားတော့လည်း သူက ကိုယ်ယုံတဲ့ အတိုင်း ပေါ့နော် သူနေပေးတယ်။ ကိုယ် သူ့အပေါ်ထားတဲ့ စိတ်ရင်းနဲ့ဆိုရင်တော့ နှစ်ယောက်စလုံးက မြဲမှာပါပဲ။ ဘယ်လိုမှ ခြံခုန်စရာ အကြောင်း တော့ မရှိဘူးပေါ့'' ဆိုပါတယ်။

Photo: နန်းသူဇာဖေ့စ်ဘွတ်

 

ချစ်စရာကောင်းတဲ့ အနုပညာရှင်စုံတွဲ တစ်တွဲဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ရဲ့ Relationship ကို ၂၀၁၁ ခုနှစ်ကတည်းက ပရိသတ်တွေ ကို ချပြခဲ့တာဖြစ်ပါတယ်။ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ဟာ Let's Go ခရီးသွားအစီအစဉ်တွေမှာလည်း အတူတူ ပါဝင်ခဲ့ကြပါ တယ်။ ကျော် ထွဋ်ဆွေရဲ့ Music MTV တွေမှာလည်း နန်းသူဇာက ပါဝင်ခဲ့ပါသေးတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...