ချစ်စရာကောင်းတဲ့ သားလေး ၂ ယောက်ကို ပိုင်ဆိုင်ထားပါတယ်။

အာဇာနည်နဲ့ ဝမ်း တို့က မင်္ဂလာသက်တမ်း ၁၅ နှစ်ပြည့်မှာ အလှူအတန်းတွေနဲ့ ဖြတ်သန်းခဲ့တာကို တွေ့ရပါတယ်။ အိမ်ထောင် သက် ၁၅ နှစ် အတွင်းမှာလည်း ချစ်စရာကောင်းတဲ့ သား ၂ ယောက်ကို ပိုင်ဆိုင်ခဲ့ကြပါတယ်။

Photo: အာဇာနည်ဖေ့စ်ဘွတ်

 

အဆိုတော် အာဇာနည်နဲ့ သရုပ်ဆောင် မော်ဒယ် ဝမ်း တို့ဟာ ဒီနေ့(အောက်တိုဘာလ ၂၇ရက်နေ့)မှာပဲ မင်္ဂလာသက်တမ်း ၁၅ နှစ်ပြည့်ခဲ့ပြီ လို့ သိရပါတယ်။ မင်္ဂလာသက်တမ်း ၁၅ နှစ်ပြည့် အမှတ်တရ အနေနဲ့ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာရှိတဲ့ ချမ်းမြေ့ရိပ်သာကျောင်းက သံဃာတော်များကို နေ့ဆွမ်းကပ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Photo: အာဇာနည်ဖေ့စ်ဘွတ်

 

သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ Rဇာနည် က မကြာခင်မှာ သူ့တို့ရဲ့ မိသားစု ဘဝထဲကို မိသားစုဝင်တစ်ယောက် ရောက်ရှိလာတော့ မယ်ဆိုပြီး ပရိသတ်တွေကို ပြောပြထားတာတွေ့ရပါတယ်။အဲ့ဒီအကြောင်းလေးကို အောက်တိုဘာ(၁၅) ရက်နေ့က Rဇာနည်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

"ပရိသတ်ကြီးကို ကျွန်တော်တို့ကြေညာစရာတစ်ခုရှိပါတယ်။ ကျွန်တော်တို့မိသားစုထဲကို မိသားစုဝင် သစ်တစ်ယောက် မကြာခင် ရောက်ရှိ လာပါတော့မယ်။ အောက်တို ဘာ ၂၂ ထိမစောင့်နိုင်တော့ရင် ဘာများဖြစ်မလဲ ပြောပြကြည့်ပါဦး။" ဆိုပြီး ပြောထားတာပါ။ ပရိသတ်တွေ သူငယ်ချင်းတွေကလည်း R ဇာနည် ကြေညာထားတဲ့ သတင်းလေးနဲ့ ပတ်သက်ပြီး ဂုဏ်ပြုထားကြတာ တွေ့ရပါတယ်။ 

၉ လပြည့်သွားပြီဆိုတဲ့ အာဇာနည်နဲ့ ဝမ်း တို့သားလေး ချစ်ချစ်တုန်  

Photo: အာဇာနည်ဖေ့စ်ဘွတ်

 

အာဇာနည်နဲ့ ဝမ်းတို့ရဲ့ ဒုတိယမြောက်သားငယ်လေးဖြစ်တဲ့ ချစ်ချစ်တုန် ကတော့ အောက်တိုဘာလ ၁၀ ရက်နေ့က ၉ လပြည့်ခဲ့တာပါ။ အာဇာနည်ရဲ့ သားငယ်လေး ချစ်ချစ်တုန်ကိုတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ က ရန်ကုန်မြို့ ပန်းလှိုင်ဆေးရုံကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

Photo: အာဇာနည်ဖေ့စ်ဘွတ်

 

သားနှစ်ယောက် ပိုင်ဆိုင်ခွင့်ရထားတဲ့ အာဇာနည်နဲ့ ဝမ်းတို့ကလည်း ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သားကြီး ဖစ်ဖစ်တုန် ကလည်း ညီငယ် လေး ချစ်ချစ်တုန်ကို အရမ်းချစ်တယ်လို့ သိရပါတယ်။သားကြီး ဖစ်ဖစ်တုန် (ခ) ဉာဏ်ဘုန်းဇာနည်က အသက် ၈ နှစ်ရှိပြီဖြစ်ပြီး ဒုတိယတန်း တက်ရောက်နေပြီလို့ သိရပါတယ်။

Share

Loading Next Article...
က္က