• ကမ္ဘာ့ပထမဆုံး AI သတင်းကြေငြာသူကို တရုတ်မီဒီယာတစ်ခု စတင်

၂၄ နာရီလုံး သတင်းကြေငြာနိုင်မှာပါ

တရုတ်နိုင်ငံပိုင် သတင်းမီဒီယာတစ်ခု ဖြစ်တဲ့ Xinhua ဟာ လူတစ်ယောက်လို သတင်းကြေငြာပေးနိုင်တဲ့ AI စနစ်တစ်ခုကို တီထွင်အသုံးပြုနေပြီ ဖြစ်ပါတယ်။

 

အမျိုးသားတစ်ဦးပုံနဲ့လာတဲ့ ဒီ AI သတင်းကြေငြာသူဟာ နောက်ဆုံးပေါ် AI နည်းပညာများ ပါရှိပြီး တကယ့်လူအစစ်တစ်ယောက်လို အသံနဲ့မျက်နှာ ကိုယ်လက်အမူအယာတွေ လုပ်ဆောင်နိုင်မှာပါ။ ထူးခြားတာက သူကိုယ်တိုင်က ရုပ်သံအသံလွှင့်တာတွေ လုပ်ဆောင်နိုင်သလို တကယ့် ပရိုသတင်းဖတ်သူလို စာတွေ ဖတ်ရှုနိုင်တာပါ။

Xinhua ကနေ နမူနာမိတ်ဆက်တဲ့ ဗွီဒီယိုဖိုင်မှာဆို ဒီ AI သတင်းကြေငြာသူဟာ အင်္ဂလိပ်စကားပြောနိုင်ပြီး အင်္ဂလိပ်သတင်းဌာနပိုင်းကို ကြေငြာသွားတာ ဖြစ်ပါတယ်။ အလားတူ AI သတင်းကြေငြာသူများစွာ ရှိထားပြီး တစ်ယောက်ချင်းစီဟာ သူတို့ရဲ့ သတ်မှတ်ထားတဲ့ တရားဝင် ဝက်ဘ်ဆိုက်နဲ့social media ပလက်ဖောင်းတွေပေါ်မှာ တစ်နေ့ကို ၂၄ နာရီလုံး အလုပ်လုပ်ကြမှာ ဖြစ်တယ်လို့Xinhua က ဆိုပါတယ်။

"ဒီ AI anchors တွေရဲ့ အလားအလာက အဆုံးမရှိပါဘူး။ သူတို့ကို သုံးရတာကြောင့် အေဂျင်စီတွေရဲ့ TV ၊ web နဲ့မိုဘိုင်းလ်ပလက်ဖောင်းတွေမှာ သတင်းကြေငြာရတာ ပိုပြီး ဈေးသက်သာသလို ထုတ်လုပ်မှု ကုန်ကျစရိတ်တွေလည်း လျှော့ချရာရောက်ပြီး ပိုပြီး ထိရောက်မှု ရှိမှာပါ" လို့ဆိုပါတယ်။

Xinhua ရဲ့ ဗွီဒီယိုမှာ သတင်းကြေငြာတဲ့ AI anchor မှာ မျက်နှာပြင်အမူအယာ ကန့်သတ်ချက် ရှိပြီး အသံကလည်း တကယ့် သတ္ထုဆန်တဲ့ စက်သံဖြစ်လို့ဆွဲဆောင်မှု သိပ်မရှိဘူးလို့ဝေဖန်သံများ ထွက်ပေါ်နေပါတယ်။ အောက်စဖို့တက္ကသိုလ်မှ ပရော်ဖက်ဆာ ဝူးဒရစ်ချ်ကတော့ လူစစ်စစ်သတင်းကြေငြာသူတွေဟာ AI ထက် လူတွေပေါ်မှာ ပိုပြီး သြဇာလွှမ်းမိုးမှု ရှိသလို လူတွေရဲ့ ယုံကြည်မှုလည်း ပိုရရှိမယ်လို့သုံးသပ်ထားပါတယ်။

နောက်တစ်ချက်ကလည်း Xinhua ရဲ့ AI နည်းပညာဟာ နှစ်ဆန်းပိုင်းက အမေရိကန်နိုင်ငံမှာ လူပြောများခဲ့တဲ့ မျက်နှာချင်း လဲထားတဲ့ deepfakes ဆိုုတဲ့ AI အခြေခံ လူပုံတွေကို ပေါင်းစပ်တဲ့ နည်းပညာနဲ့ဆင်နေတယ်လို့ဆိုပါတယ်။ ဒီ Deepfakes တွေကတော့ တကယ့်လူအစစ်ရဲ့ ဗွီဒီယိုမှာမှ မျက်နှာချင်း လဲထားတာ ဖြစ်ပါတယ်။

[No available link text] 

ယခုနည်းပညာအတွက် Xinhua သတင်းဌာနဟာ တရုတ်နိုင်ငံမှ search engine ကုမ္ပဏီ Sogou.com နဲ့ပူးပေါင်း တီထွင်ခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ်မှာ တရုတ်စကားပြော AI သတင်းပြောသူနဲ့အင်္ဂလိပ်သတင်းပိုင်းအတွက် AI anchor တစ်ဦး ကို ဖန်တီးထားပြီး တရုတ်နိုင်ငံ အရှေ့ပိုင်း ဇီကျင်းမှာ ပြုလုပ်တဲ့ ပဉ္စမအကြိမ်မြောက် ကမ္ဘာ့အင်တာနက် ကွန်ဖရင့်မှာ မိတ်ဆက်ပြသခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က