• iPhone သုံးခဲ့တဲ့ အိန္ဒိယနိုင်ငံသားတစ်ချို့OnePlus ဖုန်းများ ပြောင်းကိုင်လာ

ဈေးသက်သာတာကလည်း အဓိကအကြောင်းရင်းပါ

oneplus-6t-software.jpg

Photo: 9to5google

 

ဒီဝါလီပွဲတော်နေ့မှာ OnePlus ရဲ့ အိန္ဒိယဈေးကွက်အကြီးအကဲ ဗီကပ်စ် အဂါဝါးရဲ့ ပြောကြားချက်အရ အိန္ဒိယက OnePlus ရဲ့ ပရိတ်သတ်သစ်တွေထဲက ၁၀ % ကနေ ၁၅ % ထိဟာ အရင်က iPhone ကိုင်နေတဲ့ သူတွေ ဖြစ်တယ်လို့ဆိုပါတယ်။

CounterPoint Research ရဲ့ စစ်တမ်းအရ အိန္ဒိယဈေးကွက်မှာ Apple နဲ့Samsung တို့ရဲ့ ဖုန်းဈေးကွက်ကျဆင်းလာချိန်မှာ OnePlus ဟာ တိုးတက်မှု အမြန်ဆုံး ဖုန်း brand တစ်ခုအဖြစ် (၄၄၆%) ရှိနေတယ်လို့ထုတ်ပြန်ထားပါတယ်။

ဈေးနှုန်းအရ ပြောမယ်ဆိုရင်လည်း ၂၀၁၈ ဒုတိယသုံးလပတ်အတွင်း အိန္ဒိယရူပီး ၃ သောင်းနဲ့အထက် တန်ကြေး ရှိတဲ့ ထိပ်တန်း ပရီမီယံဖုန်း ၃ မျိုးမှာ  OnePlus 6 နဲ့OnePlus 5T တို့ဟာ ပရီမီယံဈေးကွက်ဝေစု ၃၀% နဲ့၁၀% ရထားပြီး Samsung Galaxy S9 Plus ကတော့ ၁၂% ရှိထားပါတယ်။

OnePlus 6T ထွက်လာချိန်မှာ OnePlus ရဲ့ အိန္ဒိယဈေးကွက်ဝေစုဟာ ဒီထက်ပိုများလာဖို့ရှိပါတယ်။ တစ်ချိန်တည်းမှာ Apple ကတော့ premium ဖုန်းဈေးကွက်တစ်ခုလုံးရဲ့ ၁၄% ၊ Samsung က ၃၄% နဲ့OnePlus က ၄၀% နဲ့ရပ်တည်ခဲ့တာပါ။ Bloomberg အစီရင်ခံစာအရလည်း Apple ဟာ ယခုနှစ် ၆ လအတွင်း အိန္ဒိယမှာ iPhone အလုံးရေ ၁ သန်းမပြည့်ခဲ့ဘူးလို့ဆိုပါတယ်။

တန်ဖိုးသင့်နဲ့အလတ်တန်းစား ဖုန်းများကို ပိုအကြိုက်တွေ့ကြတဲ့ အိန္ဒိယဈေးကွက်မှာ iPhone ဟာ ရောင်းအားကျနေတာကြောင့် Apple ဟာ အိန္ဒိယဈေးကွက်ဖြန့်ဖြူးတဲ့ ကုမ္ပဏီများကို ၅ ခုကနေ ၂ ခု အထိ လျှော့ချထားပါတယ်။

OnePlus ကို အိန္ဒိယဈေးကွက်က လူကြိုက်များလာတဲ့ အချက်ကလည်း ရှင်းပါတယ်။ ဥပမာအားဖြင့် iPhone XR (64GB) ကို ရူပီး ၇၆၉၀၀ နဲ့ရောင်းချချိန်မှာ နောက်ဆုံးပေါ် processor ၊ in-display fingerprint ပါတဲ့ OnePlus 6T (128GB) ဗားရှင်းကို တစ်ဝက်ဈေး ဖြစ်တဲ့ ရူပီး ၃၇၉၉၉ နဲ့ရောင်းနေတာပါ။

ဒါတင်မဟုတ်ဘဲ အိန္ဒိယအစိုးရရဲ့ Make in India မူကလည်း Apple အတွက် အခက်တွေ့စရာ ဖြစ်နေပါတယ်။ အိန္ဒိယဈေးကွက်ထဲက Apple ရဲ့ ပြိုင်ဘက်တွေအားလုံးကတော့ အိန္ဒိယမှာပဲ ဖုန်းထုတ်လုပ်နေကြတာ ဖြစ်ပြီး အစိုးရရဲ့ စမတ်ဖုန်းသွင်းကုန်အခွန်ကို ၁၅% ကနေ ၂၀% အထိ တိုးမြှင့်မှုကလည်း Apple အတွက် ခေါင်းကိုက်စရာ ဖြစ်နေပါတယ်။

Photo: ibtimes

 

လက်ရှိမှာ iPhone SE နဲ့iPhone 6s တို့ကိုပဲ အိန္ဒိယနိုင်ငံအတွင်းမှာ တပ်ဆင်မှု လုပ်ဆောင်နေတာပါ။ အိန္ဒိယနိုင်ငံမှာ ၂၀၁၇ ခုနှစ်က iPhone ၃ သန်း ရောင်းချခဲ့ရာကနေ ဒီနှစ်ထဲမှာ အလုံးရေ ၂ သန်းပဲ ရောင်းချနိုင်တော့မယ်လို့CounterPoint Research မှ ခန့်မှန်းထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က