Huawei ဟာ တန်ဖိုးသင့် mid-range 5G ဖုန်းတစ်လုံးကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
Huawei Enjoy 20 Pro 5G ဟာ တရုတ်ပြည်တွင်းဈေးကွက်မှာ မိတ်ဆက်လိုက်တာ ဖြစ်ပြီး 90Hz display သုံးလာတဲ့ ဖုန်းတစ်လုံးပါ။ Enjoy 20 Pro ဟာ မျက်နှာပြင် ၆.၅ လက်မ FHD+ screen နဲ့ လာပြီး waterdrop notch သုံးထားပါတယ်။ notch ထဲမှာ 16MP selfie ကင်မရာ သုံးထားပြီး glass body နဲ့ လာပါတယ်။
Photo: GSMArena
ဒီဖုန်းဟာ ပြီးခဲ့တဲ့ လထဲမှာ မိတ်ဆက်သွားတဲ့ Huawei Enjoy Z 5G နဲ့ တစ်ပုံစံတည်း ဖြစ်ပါတယ်။ ဖုန်းဘေးဘောင်မှာ fingerprint reader ထည့်သွင်းထားပါတယ်။ ကျောဘက်မှာ သုံးလုံးတွဲထောင်လိုက်ကင်မရာအနေနဲ့ 48MP ၊ 8MP ultra-wide နဲ့ 2MP macro lens ဆိုပြီး သုံးထားပါတယ်။
Dimensity 800SoC ဟာ SA/NSA 5G ကွန်ရက်နှစ်မျိုးစလုံး ပံ့ပိုးနိုင်ပြီး onboard storage 128GB နဲ့အတူ RAM 6GB/8GB နှစ်မျိုး ထွက်ပါတယ်။ external storage အနေနဲ့ 256GB အထိ ထပ်တိုးနိုင်မှာပါ။ 3.5mm headphone jack သုံးထားပြီး USB-C port ကနေ 22.5W fast charging စနစ် ပါရှိပါတယ်။
ဘက်ထရီပါဝါဟာ 4000 mAh ဖြစ်ပြီး Android 10 ကို အခြေခံထားတဲ့ EMUI 10.1 စနစ်နဲ့ လာပါတယ်။ Night Black ၊ Dark Blue နဲ့ Galaxy Silver ကာလာ ၃ မျိုးနဲ့ ထွက်ပါတယ်။ RAM 6GB/128GB storage ကို ၁၉၉၉ ယွမ် (မြန်မာငွေ ၄ သိန်းခန့်) နဲ့ RAM 8GB/128GB storage ကို ၂၂၉၉ ယွမ် (မြန်မာငွေ ၄သိန်းခွဲခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။