အရာအားလုံး ကျွန်တော်တို့ လက်ထဲမှာ ရှိပါသေးတယ်။

မလေးရှားနဲ့ မြန်မာက လာမယ့်နိုဝင်ဘာ ၂၄ ရက်နေ့မှာ အုပ်စုနောက်ဆုံးပွဲအဖြစ် ကစားရမှာ ဖြစ်ပြီး နှစ်သင်းစလုံးအတွက် ဆီမီးဖိုင်နယ်တက် ရေး အဆုံးအဖြတ်ပွဲ ဖြစ်လာမှာပါ။



Photo - Zing.vn

 

မြန်မာအသင်းရဲ့ အဓိက အုပ်စုတွင်း ပြိုင်ဖက် မလေးရှားအသင်းအနေနဲ့ မနေ့က ဗီယက်နမ်မြေမှာ ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ ၃ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၆ မှတ်သာရရှိထားပါတယ်။

ဆီမီးတက်ဖို့ (၁)မှတ်အလို........... 

ဒီပွဲမှာ ဗီယက်နမ်ကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့သည့်တိုင်အောင် မလေးရှားအသင်းက ဗီယက်နမ်အသင်းထက် ပိုကောင်းအောင် ကစားသွားနိုင်တယ်လို့ ဖာမီက ပွဲအပြီးမှာ ပြောသွားပါတယ်။

Photo - Sporting News

 

" ဒါက ဘောလုံးပါ၊ ကျွန်တော်တို့ ဗီယက်နမ်ကို ကစားခဲ့တဲ့ ခြေစွမ်းက နောက်ဆုံး ၂ ပွဲထက် ပိုကောင်းခဲ့ပါတယ်။ဒီပွဲမှာ ပြုလုပ်ခဲ့တဲ့ အမှား ၂ ကြိမ်ကိုပဲ ဗီယက်နမ်က ကျွန်တော်တို့အပေါ် အသာရသွားတာပါ။" လို့ ဖာမီက ပြောခဲ့ပါတယ်။

အခုလို ဗီယက်နမ်ကို ရှုံးနိမ့်ခဲ့လို့ မလေးရှားအသင်းအတွက်ကတော့ လက်ကျန် တစ်ပွဲသာ ကစားဖို့ ကျန်ရှိတော့ပြီး မြန်မာအသင်းကို နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ဧည့်ခံ ကစားရမှာပါ။

Photo - AFF SUZUKI CUP 2018

 

" ဗီယက်နမ်နဲ့ပွဲက အရှုံးကို မြန်မာကိုအနိုင်ယူပြီး ချေဖျက်လို့ ရပါတယ်။ဆီမီးတက်ရေး မျှော်လင့်ချက်က ကျွန်တော်တို့ လက်ထဲမှာ အပြည့်အ၀ ရှိနေပါသေးတယ်။" လို့ ဖာမီက ဆက်လက်ပြောခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ ဖာမီက မလေးရှားအသင်းအနေနဲ့ ဗီယက်နမ်နဲ့ပွဲက ပြုလုပ်ခဲ့တဲ့ အမှားအချို့ကို လာမယ့် အုပ်စုနောက်ဆုံးပွဲအဖြစ် မြန်မာကို ဧည့်ခံ ကစားရမယ့် ဘူကစ်ဂျာလီအားကစားကွင်းကြီးထဲမှာ ထပ်မမှားစေဖို့နဲ့ နောက်တစ်ဆင့်အတွက် အကောင်းဆုံး ကြိုးစားဖို့ လို တယ်လို့လည်း ပြောခဲ့ပါသေးတယ်။

မြန်မာနဲ့ ကစားမယ့် ပွဲမှာ ပွဲချိန်ပြည့် ၉၀ မိနစ်လုံးလုံး ပွဲအပေါ် အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားဖို့လိုပြီး ဒီဟာကလည်း မဖြစ်နိုင်တာမရှိပဲ မြန်မာနဲ့ ကစားဖို့ တစ်ပတ်အချိန်ရရှိချိန်မှာ အကောင်းဆုံး ပြင်ဆင်ထားမယ်လို့လည်း ဆိုခဲ့ပါတယ်။

အုပ်စု(က)မှာ မြန်မာက ၂ ပွဲကစားပြီး ၆ မှတ်နဲ့ အုပ်စုကို ဦးဆောင်နေတယ်ဆိုပေမယ့် လက်ကျန် ၂ ပွဲမှာ အမှားအယွင်းခံလို့ မရပဲ မလေးရှားနဲ့ မြန်မာနဲ့ တွေ့မယ့်ပွဲက နှစ်သင်းထဲက တစ်သင်း ဆီမီးဖိုင်နယ်တက်ရောက်မယ့် ပွဲလည်း ဖြစ်ပါတယ်။

၂၀၁၆ ဆူဇူကီးဖလား တုန်းကလည်း မြန်မာနဲ့ မလေးရှား အုပ်စုနောက်ဆုံးပွဲမှာပဲ ဆီမီးတက်ရေး အဆုံးအဖြတ်ကစားခဲ့ရပြီး မြန်မာက ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က