ရွှေတိဂုံစေတီတော်ရှိနမူနာရွှေစင်ပြားကို ပြန်လည် သန့်စင်ရာတွင် ရွှေပါဝင်မှု ၉၈ ဒသမ ၉၁ ရာခိုင်နှုန်း အထိရှိတယ်ဆိုတာဟာ အောက်ကြာနုဧရိယာက ရွှေစင်ပြား ၃၉၂၁ ချပ်အနက်က မည်းနေတဲ့ရွှေစင်ပြား ၉ ချပ်ရဲ့အဖြေသာဖြစ်ပြီး ရွှေစင်ပြားအားလုးရဲ့ရလဒ်မဟုတ်ဘူးလို့ သိရပါတယ်။
ဒါကြောင့် ဒီရလဒ်အပေါ်ကို သုံးသပ်အဖြေရှာရင် အဓိပ္ပါယ်သက်ရောက်မှု မှားယွင်းနိုင်မှာဖြစ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက နိုဝင်ဘာ ၂၄ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
ကြာမှောက်ကြာလန်မှာ ကပ်လှူပူဇော်ထားတဲ့ ရွှေစင်ပြားတွေဟာ လက်ရှိပကတိမြင်ကွင်းအရ မည်းနေသောကြောင့် ရွှေစင်ပြားတွေကို ဖြုတ်ချပြီးလုံခြုံစိတ်ချရတဲ့နေရာမှသိမ်းဆည်းပြီး ပညာရှင်အဖွဲ့က အဆင့်ဆင့်သော လုပ်ငန်းစဉ်တွေနဲ့ စနစ်တကျကြပ်မတ် စစ်ဆေးသန့်စင်ပြီး ရရှိလာသော ရွှေအလေးချိန်အား မှတ်တမ်းတင်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင်ရွှေတိဂုံစေတီတော်၏ ကြာမှောက်ကြာလန်ဧရိယာအတွင်းရှိ အချို့မည်းနေသော ရွှေစင်ပြား များသာ ကွက်၍ ဖြုတ်ချလဲလှယ်မည်ဆိုရင် အသစ်ကပ်လှူပူဇော်တဲ့ ရွှေစင်ပြားအရောင်နဲ့ ညီမှာမဟုတ်တဲ့ အတွက် ညီညာအောင်ပြုလုပ်ထားတဲ့ရွှေပြားတွေနဲ့ အစားထိုးပူဇော်သွားမယ်လို့သိရပါတယ်။
ရွှေစင်ရွှေပြားရွှေသင်္ကန်းတော်ကပ်လှူပူဇော်မှုလုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်လျက်နေတာကြောင့် ထင်ယောင်ထင်မှားဖြစ်စေတဲ့ သတင်းအမှားတွေကို မယုံကြဖို့လည်းတိုက်တွန်းနိုးဆော်ထားပါတယ်။