မြန်မာပရိသတ် ၃၀၀၀ ဝန်းကျင် ကွင်းအတွင်း လာရောက်အားပေးခဲ့ကြပါတယ်။

နိုဝင်ဘာ ၂၄ညက မလေးရှားနဲ့မြန်မာတို့ကစားခဲ့တဲ့ ပွဲအပြီးမှာ မြန်မာပရိသတ်အချို့ရန်ုပြုတိုက်ခိုက်ခံခဲ့ရပါ တယ်။ ဒီဖြစ်စဉ်မှာအသေးစိတ်ကို တိုက်ခိုက်ခံခဲ့ရတဲ့ မြန်မာပရိသတ်တစ်ဦးက Duwun Sports ကို ပြောကြားခဲ့ပါတယ်။


IMG_0380.jpg

မလေးရှား-မြန်မာပွဲကို ဘူကစ်ဂျာလီမှာ နိုဝင်ဘာ ၂၄ညက ကစားခဲ့ပြီး မြန်မာအသင်းဂိုးပြတ်ရှုံးခဲ့ရတာ အားလုံးအသိပါ။ ဒီပွဲကို မြန်မာပရိသတ် ၃၀၀၀ ဝန်းကျင်လာအားပေးခဲ့ပြီး ပွဲအပြီးမှာ မြန်မာပရိသတ်တစ်ချို့ကို မလေးရှားပရိသတ်တစ်ချို့က ရန်ပြုတိုက်ခိုက်ခဲ့တဲ့ သတင်းတွေလည်း ပျံ့နှံ့နေပါတယ်။ ဖြစ်စဉ်မှာ မြန်မာပရိသတ် ၃၅ယောက်ဝန်းကျင်ပါဝင်တိုက်ခိုက်ခံခဲ့ရတယ်လို့သိရပြီး သုံးယောက်လောက် ဒဏ်ရာရခဲ့တယ်လို့ တိုက်ခိုက်ခံခဲ့ရတဲ့အဖွဲ့မှာပါဝင်ခဲ့တဲ့ မြန်မာပရိသတ်တစ်ဦးက Duwun Sports ရဲ့ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

 

“ကျွန်တော်တို့က ကားစောင့်ရင်းထိုင်နေကြတာ။ အဲ့ဒီအချိန်မှာ ဆိုင်ကယ်တွေနဲ့ မလေးရှားအဖွဲ့တစ်ဖွဲ့ရောက် လာပြီး ဝင်ထိုးကြိတ်ကြတယ်။ အားလုံးထွက်ပြေးကြတော့ ကျန်ခဲ့တဲ့ ဖုန်းတွေကိုလည်း ယူသွားတယ်။ ရဲတွေရှေ့မှာပဲဖြစ်နေတာ။ ပထမဆုံးဝင်တိုက်ခိုက်ခံလိုက်ရတဲ့ သုံးယောက်မှာ တစ်ယောက်က မြောင်းထဲ ပြုတ်ကျပြီး ခေါင်းကွဲသွားတယ်။ မိန်းကလေးတွေလည်း ဒဏ်ရာရတယ်။” လို့ နောက်ထပ်ရန်ုပြုတိုက်ခိုက်ခံရမှာစိုးလို့ အမည်မဖော်လိုတဲ့ မြန်မာပရိသတ်တစ်ဦးကပြောပါတယ်။

ရန်ပြုတိုက်ခိုက်မှုဖြစ်စဉ်နေစဉ်မှာ မလေးရှားရဲတွေရှိနေပေမယ့် မကူညီနိုင်ခဲ့ဘူးလို့သိရပြီး မလေးရှားလူမျိုး တစ်ချို့က ရဲတွေကို ဝိုင်းဝန်းတိုင်တန်းမှုတွေ လုပ်ပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။ “ အထိုးခံရချိန်မှာ မလေးရှားရဲတွေရှိလို့ ကျွန်တော်တို့က ပြောတော့ မင်းတို့ဒီထက်မဆိုးချင်ရင် ဒီနေရာကနေ မြန်မြန်သွားကြလို့ပြောတယ်။ ရဲတစ်ယောက်က မင်းတို့ရန်သွားစတာမို့လားလို့မေးတယ်။ ဒီတော့ မလေးရှားပရိသတ်တစ်ချို့က သူတို့ဘာမှမလုပ်ဘူး ထိုင်နေတာကို ဝင်တိုက်ခိုက်တာလို့ ဝိုင်းပြောပေးကြတယ်။ ဒီတော့မှ ဆောရီးဆိုပြီးထွက်သွားတယ်။”လို့မြန်မာပရိသတ်က ဆက်ရှင်းပြပါတယ်။

မလေးရှား-မြန်မာပွဲကို မလေးရှားနိုင်ငံရဲ့အနယ်နယ်အရပ်ရပ်က မြန်မာပရိသတ်တွေဟာ ဘတ်စ်ကား ၃၀ဝန်းကျင်ငှားရမ်းပြီး စုပေါင်းလာအားပေးခဲ့ကြတာပါ။ တိုက်ခိုက်ခံခဲ့ရတဲ့ မြန်မာအဖွဲ့ကတော့ နောက်ဆုံးကျန်ခဲ့တဲ့အဖွဲ့ဖြစ်ပြီး ဘတ်စ်ကားစောင့်နေချိန်မှာ တိုက်ခိုက်ခံခဲ့ရတာပါ။ လက်ရှိအချိန်မှာတော့ ဒဏ်ရာရတဲ့ပရိသတ်တွေရဲ့အခြေအနေက သက်သာကောင်းမွန်နေပြီလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က