နန်းသူဇာရဲ့ မွေးနေ့ အမှတ်တရအနေနဲ့ ချစ်သူ ကျော်ထွဋ်ဆွေက ကြည်နူးစရာကောင်းတဲ့ မွေးနေ့ဆုတောင်းလေး ပြောလာပါ တယ်။ သူတို့ ချစ်သူနှစ်ဦးက အခုဆိုရင် ချစ်သူသက်တမ်း ၈ နှစ်ကြာပြီဖြစ်ပါတယ်။
Photo: ကျော်ထွဋ်ဆွေ
ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျရောက်တဲ့ အဆိုတော် နန်းသူဇာရဲ့ မွေးနေ့မှာ သူ့ရဲ့ ချစ်သူဖြစ်တဲ့ ကျော်ထွဋ်ဆွေက အစောဆုံး မွေးနေ့ ဆုတောင်း စကားပြောခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ သူတို့ စုံတွဲကလည်း ပရိသတ် အားကျစရာ စုံတွဲလေး တစ်တွဲဖြစ်ပါတယ်။
''Happy Birthday thae tone layy. အမြဲတမ်း ကျန်းမာ ပျော်ရွှင် ချမ်းသာပါစေ။ sweet december လေး '' ဆိုပြီးတော့ ကျော်ထွဋ်ဆွေရဲ့ ဖေ့စ်ဘွတ်မှာ ဒီဇင်ဘာလ ၁ ရက်နေ့ ၁၂:၀၀ က ရေးသားခဲ့တာပါ။ အဲ့ဒီနောက် သူတို့ရင်ထဲက စကားလေးတွေကို ဖော်ပြထား တဲ့ ချစ်သူ လေးနဲ့ အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့ပါတယ်။
Photo: ကျော်ထွဋ်ဆွေ
ချစ်သူက လက်ထပ်ခွင့်တောင်းမယ့်နေ့ကို စောင့်နေတယ်ဆိုတဲ့ နန်းသူဇာ
အောင်မြင်မှုတွေ ပိုင်ဆိုင်ထားတုန်းဖြစ်တဲ့ Rapper အဆိုတော် ကျော်ထွဋ်ဆွေက ဂီတအလုပ်အပြင် ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ဂီတအပေါ်ထားတဲ့ သူ့ရဲ့ ခံယူချက်တွေကိုလည်း အခုလို ပြောပြလာပါတယ်။
'' ဂီတသမားတွေဟာ ဝင်ငွေနည်းပါတယ်။တချို့က ငါ့ဂီတကလွဲပြီးဘာမှမလုပ်ဘူး ဆိုပြီး ခံယူချက်အပြည့်နဲ့။ တချို့က ငါချစ်တဲ့ဂီတ ကို ဆက် လက် ဖန်တီးခွင့်ရဖို့အခြားတစ်ဖက်က ဝင်ငွေရှာရမယ် ဆိုပြီး ယုံကြည်ချက်အပြည့်နဲ့။ ကျွန်တော်ပြောချင်တာက ကျွန်တော် ဂီတအပြင် အခြား တစ်ခုလုပ်မလို့။ ဖောင်းမထုကြပါနဲ့ rapper အပေါင်းတို့'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ဖူးပါတယ်။
Photo: ကျော်ထွဋ်ဆွေ
ကျော်ထွဋ်ဆွေဟာ မိဘတွေရဲ့ အိမ်စီးပွားရေးအလုပ်လေးတွေ လုပ်ပေးဖြစ်နေတဲ့အတွက် ဂီတဘက်မှာ လှုပ်ရှားမှု သိပ်မရှိတော့တာ ဖြစ်ပါ တယ်။ သူ့အနေနဲ့ ၈ နှစ်တာ လက်တွဲလာတဲ့ ချစ်သူ ကောင်မလေး သရုပ်ဆောင်၊ အဆိုတော် နန်းသူဇာနဲ့ လက်ထပ်ဖို့အတွက် ပိုက်ဆံတွေ လည်း စုနေတယ်လို့ သိရပါတယ်။
Photo: ကျော်ထွဋ်ဆွေ
ချစ်စရာကောင်းတဲ့ အနုပညာရှင်စုံတွဲ တစ်တွဲဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ရဲ့ Relationship ကို ၂၀၁၁ ခုနှစ်ကတည်းက ပရိသတ်တွေ ကို ချပြခဲ့တာဖြစ်ပါတယ်။ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ဟာ Let's Go ခရီးသွားအစီအစဉ်တွေမှာလည်း အတူတူ ပါဝင်ခဲ့ကြပါ တယ်။ ကျော် ထွဋ်ဆွေရဲ့ Music MTV တွေမှာလည်း နန်းသူဇာက ပါဝင်ခဲ့ပါသေးတယ်။