ရန်ကုန်တိုင်းရဲ့ ခရီးသွားလာဘ်ကောင်အဖြစ် ပစ်တိုင်းထောင်ရုပ်ကို ရွေးချယ်ထားပြီးတော့ ရန်ကုန်တိုင်းမှာပြုလုပ်မယ့့်အခမ်းအနားတွေ၊ ပြပွဲ၊ပြိုင်ပွဲတွေ၊နိုင်ငံတကာ ခရီးသွားပြပွဲတွေ၊ပြိုင်ပွဲတွေမှာ အသုံးပြုဖို့ အတွက် ရွေးချယ်ထားတယ်လို့ ဒီဇင်ဘာ ၄ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပစ်တိုင်းထောင်အရုပ်ကို အခြေခံပြီးတော့ သင့်တော်တဲ့ဒီဇိုင်းရေးဆွဲတင်ပြဖို့အတွက် ဖိတ်ခေါ်ထားတာဖြစ်ပြီးတော့ ရွေးချယ်ခံရတဲ့ဒီဇိုင်းအတွက် ဆုကြေးအနေနဲ့ ကျပ်သိန်းနှစ်ဆယ်ပေးအပ်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ပြိုင်မယ့်လူတွေအနေနဲ့ တစ်ဦးတည်း(ဒါမှမဟုတ်)အဖွဲ့လိုက်ပြိုင်နိုင်ပြီးတော့ တစ်ဖွဲ့ကို ပြိုင်ပွဲဝင်ပုံစံတစ်ခုသာယှဉ်ပြိုင်နိုင်မှာဖြစ်ပြီးတော့ ပစ်တိုင်းထောင်အရုပ်ကို အခြေခံတဲ့ ပုံစံံဖြစ်ရမှာဖြစ်ပါတယ်။
ပစ်တိုင်းထောင်က အဖို၊အမတစ်စုံပါဝင်ရမှာဖြစ်ပြီးတော့ အသက်အရွယ်မရွေးကိုယ်စားပြုတဲ့ပုံဖြစ်ရမယ်လို့လည်းထုတ်ပြန်ထားပါတယ် ။
မူပိုင်ခွင့်နဲ့ design source ဖိုင်တွေကို အစိုးရအဖွဲ့ကို လွှဲပြောင်းပေးရမှာဖြစ်ပြီးတော့ အစိုးရအဖွဲ့က နှစ်သက်ရာနေရာတွေမှာ အသုံးပြုသွားမယ်လို့ လည်းသိရပြီးတော့ ပြိုင်ပွဲဝင်ပုံစံတွေကို ဒီဇင်ဘာ ၂၆ ရက်နေ့မှာထုတ်ဖော်ပြသမှာဖြစ်ပြီး အနိုင်ရသူကိုတော့ ၂၀၁၉ ဇန်နဝါရီ ၄ ရက်နေ့မှာကြေငြာမှာဖြစ်ပါတယ်။
အများပြည်သူအနေနဲ့လည်း ပြိုင်ပွဲဝင်တွေရဲ့ ပုံစံကို SMS နဲ့ ဆန္ဒမဲပေးနိုင်မှာဖြစ်ပါတယ်။ရွေးချယ်မှုကိုတော့ ဆန္ဒမဲ က ၄၀ ရာခိုင်နှုန်း၊ ရွေးချယ်ရေးကော်မတီရဲ့ အမှတ် ၆၀ ရာခိုင်နှုန်းနဲ့ သတ်မှတ်ရွေးချယ်မှာဖြစ်တယ်လို့ ဆိုပါတယ်။