• သားကြီး ဘုန်းမင်းနေလ အတွက် ခင်ဇာခြည်ကျော်ရဲ့ မွေးနေ့ဆုတောင်း

ဘုန်းမင်းနေလက အသက် ၁၇ နှစ်ပြည့်ပါပြီတဲ့။

ဒီနေ့(ဒီဇင်ဘာလ ၆ )ရက်နေ့က သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သားကြီး ဘုန်းမင်းနေလရဲ့ အသက် ၁၇ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ဘုန်းမင်းနေလက မိန်းကလေး ပရိသတ်တွေအများကြီးပိုင်ဆိုင်ထားတဲ့ မင်းသားချောလေး တစ်ယောက်ပါ။

image

Photo: ခင်ဇာခြည်ကျော်

 

သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သား ဘုန်းမင်းနေလဟာ ဒီနေ့(ဒီဇင်ဘာလ ၆ )ရက်နေ့မှာပဲ အသက် ၁၇ နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ ချစ်ရ တဲ့ သားဦးရတနာလေးအတွက် မေမေ ခင်ဇာခြည်ကျော်က မွေးနေ့ဆုမွန်ကောင်းတွေ တောင်းခဲ့ပါသေးတယ်။

'' Happy birthday အချစ်ဆုံး သား ကြီး ဘုန်းမင်း  ၆. ၁၂. ၂၀၁၈ ၁၇ နှစ်ပြည့် မွေးနေ့မှ စ၍ စိတ် ချမ်းသာ ကိုယ် ကျန်းမာ စွာ နဲ့မိဘ ကျေးဇူး သိ နိုင် တဲ့သား ကောင်း ရတနာ တစ်ဦး ဖြစ် ပါ စေ ...!! ပညာ ရေးမှာ လည်း ထူး ချွန် ပြောင် မြောက် ပါ စေ ..!!'' ဆိုပြီးတော့ ဒီဇင်ဘာလ ၆ ရက်နေ့ ည ၁၂ နာရီ  ၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ခင်ဇာခြည်ကျော်

 

သရုပ်ဆောင်ခင်ဇာခြည်ကျော်မှာတော့ အရမ်းကိုချောမောပြီး ချစ်စရာကောင်းလွန်းကြတဲ့ သားကြီး ဘုန်းမင်းနေလနဲ့ သမီးငယ်လေး ထင်သစ္စာ တို့ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ သားကြီး ဘုန်းမင်းနေလကတော့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ ရဲ့ အသဲစွဲမင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင်တော့ မဂ္ဂဇင်းဓာတ်ပုံတွေ ရိုက်ကူးနေရုံသာမက တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရပြီဖြစ်ပါတယ်။ သမီးငယ်လေး ထင်သစ္စာကတော့ လက်ရှိကျောင်းပညာရေးကိုဘဲ အဓိက ဦးစားပေးနေတယ်လို့ သိရပါတယ်။

သားဖြစ်သူက ဂေးတစ်ယောက်မဟုတ်တဲ့အကြောင်းပြောလာတဲ့ ခင်ဇာခြည်ကျော် 

Photo: ခင်ဇာခြည်ကျော်

 

ခင်ဇာခြည်ကျော်ဟာ သားဖြစ်သူကို ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ဇာတ်ကားရိုက်ကူးမှုတွေ ကမ်းလှမ်းလာတာရှိပေမယ့် ခွင့်မပြု သေးဘူးလို့ ဆိုပါတယ်။ ကျောင်းပညာရေးကိုဘဲ အဓိက ထားစေချင်တာကြောင့် သမီးလေးကိုလည်း အနုပညာအလုပ်တွေ လုပ်ခွင့်မပေးထား ဘူးလို့ သိရပါတယ်။ ခင်ဇာခြည်ကျော်တို့ရဲ့ မိသားစုပုံစံလေးကတော့ ပရိသတ်တိုင်းရဲ့ အားကျချစ်ခင်မှုကို ရရှိနေတုန်းပါဘဲ။ခင်ဇာခြည်ကျော် ကို ချစ်တဲ့ ပရိသတ်တွေကလည်း သားနဲ့ သမီးကို ချစ်ခင်အားပေးကြလို့ ဝမ်းသာတယ်လို့ဆိုပါတယ်။

Photo: ခင်ဇာခြည်ကျော်

 

မိန်းကလေး ပရိသတ်အများကြီးကို ပိုင်ဆိုင်ထားတဲ့ ဘုန်းမင်းနေလ အတွက် မိခင်ဖြစ်သူ ခင်ဇာခြည်ကျော် ဘယ်လို ချွေးမလောင်း ရမှ ဆိုတဲ့ သတ်မှတ်ချက်မျိုးမရှိဘူးလို့ ဆိုပါတယ်။ သားဖြစ်သူကိုလည်း အိမ်ထောင်တစ်ခုကို ဦးဆောင်ရမယ့် ယောကျ်ားတစ်ယောက် ဖြစ်တာကြောင့် ပညာတတ် တစ်ယောက်ဖြစ်ဖို့ အဓိက ကျတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Share

Duwun on Youtube
>
Loading Next Article...
က္က