ပေါင်သန်း ၂၀၀ အထိ ရရှိမှာဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ဆဲလ်တစ်အသင်းနည်းပြ ဘရန်ဒန်ရော်ဂျာကို နည်းပြအသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။

The Sun ရဲ့ဖော်ပြချက်အရ လက်စတာစီးတီးအသင်းနဲ့ ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့တဲ့ နည်းပြသစ် ဘရန်ဒန်ရော်ဂျာဟာ ကစားသမားခေါ်ယူဖို့အတွက် ပေါင်သန်း ၂၀၀ အထိ သုံးစွဲခွင့် ရရှိမယ်လို့ သိရပါတယ်။

လီဗာပူးနဲ့ ဆဲလ်တစ်အသင်းတို့ရဲ့နည်းပြဟောင်း ဘရန်ဒန်ရော်ဂျာဟာ ဘုန်းမောက်အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ကယ်လန်ဝီလ်ဆင်ကို ခေါ်ယူဖို့ အဓိကပစ်မှတ်ထားနေတယ်လို့ သိရပြီး ယခုနွေရာသီမှာ ခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

ကယ်လန်ဝီလ်ဆင်ကို ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလတုန်းက ချယ်ဆီးအသင်းက ခေါ်ယူဖို့အတွက် စိတ်ဝင်စားခဲ့ဖူးပြီး ဘုန်းမောက်အသင်းက ကယ်လန်ဝီလ်ဆင်ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၄၀ အထိ သတ်မှတ်ထားတာကြောင့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တာဖြစ်ပါတယ်။

ဘရန်ဒန်ရော်ဂျာဟာ အသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ ဘန်ချေးလ်ဝဲလ်၊ ဂျိမ်းစ်မက်ဒီဆင်၊ ဂရေးနဲ့ ဟယ်ရီမက်ဂွိုင်းယားတို့ကိုလည်း အသင်းမှာ ဆက်လက်ထိန်းသိမ်းထားလိုနေကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က