မန်စီးတီးခံစစ်အနေနဲ့ နောဝစ်ချ်နဲ့ပွဲမှာအမှားများစွာပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ နောဝစ်ချ်ကိုအရေးနိမ့်ခဲ့တဲ့အတွက် လီဗာပူးအသင်းနဲ့အကြား အမှတ်ကွာဟ မှုမြင့်တက်ခဲ့တာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်-၅ တွင် နောဝစ်ချ်အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း စွမ်းဆောင်ရည်အ ချို့ အားနည်းခဲ့တဲ့ ကစားသမားအများစုအပေါ် နည်းပြဂွါဒီယိုလာက ကာကွယ်ပြောဆိုမှုများပြုလုပ်ခဲ့ပြီး  ဘောလုံးမှာအမြဲတမ်းအမှားမကင်းဘူးလို့ ပြောဆိုခဲ့မှုကို dailymail ကဖော်ပြလာပါတယ်။

ပွဲစဉ် ၅အပြီးတွင် နိုင်ပွဲ ၃ပွဲ သရေပွဲ ၁ပွဲ၊ ရှုံးပွဲ ၁ပွဲရှိထားခဲ့ပြီဖြစ်တဲ့ မန်စီးတီးအသင်းအနေနဲ့ ရာနှုန်း ပြ ည့်နိုင်ပွဲရရှိပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးအသင်းနဲ့အကြား ရမှတ် ၅မှတ်အထိ  ကွာဟခဲ့တာလည်းဖြစ်ပါတယ်။



“ ရလဒ်ကတော့ အမြဲတမ်းထင်ထားသလို ဖြစ်မလာပါဘူး။ အထူးသဖြင့် ကစားရခက်တဲ့အသင်းတွေ  ကိုရင်ဆိုင်ရတဲ့အချိန်မှာ ပိုသိသာပါတယ်။ နောဝစ်ချ်နဲ့ပွဲကတော့ ရလဒ်ပိုင်းအရ တကယ်ကိုထိုက်တ န်ခဲ့တယ်လို့ပဲဆိုရမှာပါ။ ဘောလုံးမှာအမြဲတမ်းအမှားမကင်းသလို မထင်မှတ်ထားတာတွေလည်း ဖြစ် လေ့ဖြစ်ထရှိပါတယ်” လို့ မန်စီးတီးနည်းပြဂွါဒီယိုလာက ဆိုပါတယ်။

နှစ်ရာသီဆက်ချန်ပီယံဆုရရှိထားခဲ့တဲ့ မန်စီးတီးအသင်းအနေနဲ့ အခုနှစ်ဘောလုံးရာသီမှာလည်းချန်ပီ  ယံဆုအတွက် ရေပန်းအစားဆုံးဖြစ်နေခဲ့ပေမယ့် ပွဲစဉ် ၅တွင် ရှုံးပွဲစတွေ့ခဲ့တဲ့အတွက် လီဗာပူးအသင်း နဲ့အမှတ်ကွာဟမှုမြင့်မားခဲ့ပြီလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ စပါးအသင်းကိုသရေကျခဲ့ပြီးတဲ့နောက် လီဗာပူူးအသင်းနဲ့အကြား ရမှတ် ၂မှ  တ်ကွာဟခဲ့ပြီး အခုတစ်ပတ်ပွဲစဉ်မှာ နောဝစ်ချ်ကို အရေးနိမ့်ခဲ့တဲ့အတွက် အဆင့်-၁နေရာပြန်ရရှိဖို့ အခ က်အခဲအချို့ရှိလာခဲ့ပါတယ်။

Share

Loading Next Article...
က္က