Standard နဲ့NFC ဗားရှင်း ၂ မျိုးနဲ့လာပါတယ်။

     Xiaomi ကနေ ထုတ်တဲ့ စမတ် fitness tracker တွေဟာ တန်ဖိုးနည်း ဘက်ဂျက်ဖြစ်တာ ပိုများပါတယ်။ Xiaomi Mi Band 4 မှာတော့ တန်ဖိုးနည်းစမတ်လက်ပတ်တစ်ခုအတွက် အံ့အားသင့်စရာ features တွေ ပါလာပြီ ဖြစ်ပါတယ်။

         Xiaomi Mi Smart Band 4 ရဲ့ အရင် ထွက်ခဲ့တဲ့ Mi Band 3 ဟာ ရက် ၂၀ အားခံတဲ့ ဘက်ထရီပါဝင်ပြီး နာမည်ကြီးခဲ့ပေမယ့် display နဲ့နည်းပညာပိုင်း စွမ်းရည်မှာတော့ Mi Smart Band 4 က အများကြီး သာပါတယ်။ စတုတ္ထမျိုးဆက် Mi Band 4 ဟာ screen size မှာ အရင်ကထက် ၃၉.၉% ပိုကြီးလာပြီး ပထမဆုံးအကြိမ် အရောင်ပိုစုံလင်တဲ့ ဝ.၉၅ လက်မ AMOLED display နဲ့လာပါတယ်။ အရင် Mi Band 3 မှာတော့ အဖြူအမည်း ဝ.၇၈ လက်မ display ပဲ သုံးသွားတာပါ။



Photo: Android Authority

         color display ဆိုတဲ့အတိုင်း Mi Band 4 မှာ အရောင်ပေါင်း ၁၆ သန်း ကို အထောက်အပံ့ပေးထားပြီး စိတ်ကြိုက် themes ပေါင်း ၇၇ ခု ပြောင်းနိုင်လို့Noti နဲ့fitness အခြေအနေတွေကို မြန်ဆန် လွယ်ကူစွာ ကြည့်နိုင်မှာပါ။ Mi Band 4 ဟာ 5ATM ရေစိုခံဒီဇိုင်းဖြစ်လို့ရေအနက် မီတာ ၅၀ အထိ ရေစိမ်ခံနိုင်ပြီး heart rate sensor နဲ့Xiaomi ရဲ့ ကိုယ်ပိုင် AI assistant နည်းပညာဖြစ်တဲ့ Xiao AI ကို သုံးထားလို့အသံနဲ့စေခိုင်းနိုင်မှာ ဖြစ်ပါတယ်။

         ထူးခြားတာက AliPay ကနေ offline payment လည်း လုပ်နိုင်တာဖြစ်လို့AliPay ငွေပေးငွေချေစနစ် သုံးသူတွေအတွက် အတော်လေး အဆင်ပြေမှာပါ။ စမတ်လက်ပတ် ဖြစ်တဲ့အတိုင်း စမတ်အိမ်နဲ့ချိတ်ဆက်မှု ၊ တစ်နေ့အိပ်စက်ချိန် ကြည့်မှု ၊ နှိုးစက်ပေးခြင်းနဲ့တစ်နေ့လုံး လမ်းလျှောက်တဲ့ အကွာအဝေး စတာတွေကို ပြသနိုင်မှာပါ။ Mi Band 4 ဟာ ရိုးရိုး standard ဗားရှင်းနဲ့NFC ဗားရှင်းဆိုပြီး နှစ်မျိုးလာပါတယ်။

Photo: Android Authority

         Standard ဗားရှင်းမှာ 135mAh ဘက်ထရီသုံးထားပြီး ရက်ပေါင်း ၂၀ အားခံတဲ့ ဘက်ထရီပါပြီး NFC ဗားရှင်းမှာတော့ ၁၅ ရက်အသုံးခံမယ့် 125mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ Xiaomi Mi Band 4 ကို ၁၆၉ ယွမ် ( မြန်မာငွေ ၃သောင်း ၇ထောင်ကျော်) ကနေ စတင်ရောင်းချသွားမှာ ဖြစ်ပြီး ငွေပေးငွေချေမှုကို မြန်မြန်ဆန်ဆန် လုပ်နိုင်မယ့် NFC ဗားရှင်းကိုတော့ ၂၂၉ ယွမ် ( မြန်မာငွေ ၅ သောင်းကျော်) ဈေးနဲ့ရောင်းချသွားမယ်လို့ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က