အလှမယ်ခင်ဝင့်ဝါတစ်ယောက် ဘားအံမြို့နဲ့ သထုံမြို့တွေကြားမှာရှိတဲ့ ရေဘေးသင့်ကျေးရွာငယ်လေးတွေအတွက် အလှူ အတန်း တွေ သွား လုပ်ဖို့ ပြင်ဆင်နေပါပြီ။ သြဂုတ်လ ၇ ရက်နေ့မှာလည်း Online Donation Group ပရဟိတအဖွဲ့ နဲ့လက်တွဲ ပြီး သွားရောက်လှူဒါန်းမယ်လို့ သိရပါတယ်။
Photo: ခင်ဝင့်ဝါဖေ့စ်ဘွတ်
အလှမယ်ခင်ဝင့်ဝါတစ်ယောက် ဘားအံမြို့နဲ့ သထုံမြို့တွေကြားမှာရှိတဲ့ ရေဘေးသင့်ကျေးရွာငယ်လေးတွေအတွက် အလှူအတန်းတွေ သွား လုပ်ဖို့ ပြင်ဆင်နေပါပြီ။ အဲ့ဒီဘက်မှာလည်း ကယ်ဆယ်ရေးစခန်းပေါင်း ၉ ခုရှိပြီး အိမ်ထောင်စု ၁၅၀၀ ခန့် မှီခိုနေရတဲ့အကြောင်းကို အခုလို ပြောပြလာပါတယ်။
'' လက်ရှိ အခြေအနေအရ ဘားအံနဲ့ သထုံကြားက မြိုင်ကလေးမှာလည်း ကယ်ဆယ်ရေးစခန်း ပေါင်း ၉ စခန်းလောက်ရှိနေပြီး အိမ်ထောင်စု ၁၅၀၀ ခန့် ရေဘေးရှောင် မှီခို လျက်ရှိနေပြီး အတွင်းရွာတွေမှာ ခန့်မှန်းခြေ ရွာ ၃ရွာ အိမ်ထောင်စု ၇၀၀ခန့် ဆန် ဆီ ဆား အသင့်စား သုံးကုန်များ အခြောက်အခြမ်း လုံလောက်မှုမရှိဘူး'' လို့ သူကပြောပါတယ်။
Photo: ခင်ဝင့်ဝါဖေ့စ်ဘွတ်
ဝိုင်းလေးသတင်းကြောင့် ရူးမတက်စိတ်ပူခဲ့ရတဲ့ ခင်ဝင့်ဝါ
အလှမယ်ခင်ဝင့်ဝါဟာ Online Donation Group ပရဟိတအဖွဲ့နဲ့လက်တွဲပြီး ရေဘေးဒဏ်သင့်နေတဲ့ ကျေးရွာတွင်းက ပြည်သူတွေအတွက် သြဂုတ်လ ၇ ရက်နေ့က စပြီးသွားရောက်လှူဒါန်းမှာဖြစ်ပါတယ်။
''Online Donation Group မှ စေတနာရှင်များနှင့်လက်တွဲပြီး ၇ရက်နေ့တွင် သွားရောက်ခါ လိုအပ်သည့် ပစ္စည်းများသွားရောက် လှူဒါန်း မည်ဖြစ်ပါသောကြောင့် အလှူထည့်ဝင်လိုသော စေတနာရှင်များ ဆက်သွယ်လှူဒါန်းပေးစေလိုပါတယ်'' ဆိုပြီးတော့ သြဂုတ်လ ၅ ရက်နေ့ နေ့လည် ၁၂ နာရီလောက်က ခင်ဝင့်ဝါရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။
Photo: ခင်ဝင့်ဝါဖေ့စ်ဘွတ်
ဒီ အလှူနဲ့ ပတ်သက်ပြီး သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းက အလှူငွေ ၁ သိန်း၊ ပိုင်တံခွန်က အလှူငွေ ၁ သိန်း၊ ည မင်းသမီးချောလေး Nang Tracy က ၅ သောင်း၊ အဆိုတော်နွေးနွေးချစ်ဖွယ်က ၅ သောင်းကျပ်စီလှူဒါန်းခဲ့ကြပြီး အခြားအနုပညာအသိုင်းအဝိုင်းက မိတ်ဆွေများရဲ့ လှူဒါန်းငွေအဖြစ် ၂၅ သိန်း ၅ သောင်း၊ လှူဒါန်းငွေအားလုံး စုစုပေါင်း ၅၅သိန်း ကျပ် ရရှိထားတယ်လို့ သိရပါတယ်။
Photo: ခင်ဝင့်ဝါဖေ့စ်ဘွတ်
ခင်ဝင့်ဝါဟာ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကိုယ်စားပြု Miss Supranational Myanmar တစ်ယောက်ဖြစ်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့ပါတယ်။ ယခုလက်ရှိအချိန်မှာတော့ ပရိသတ်အားပေးမှု ရရှိထားတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်လို့လာပါတယ်။ လက်ရှိမှာလည်း Miss Myanmar Charity Group ဆိုတဲ့ ပရဟိတအဖွဲ့နဲ့အတူတူလည်း အလှူတွေလုပ်နေတာကို တွေ့ရပါတယ်။