• အန်ဖီးလ်မှာနိုင်ချင်တယ်ဆိုတာ မင်းတို့လားလို့မေးမေးပြီး သွင်းပေးလိုက်တဲ့ လီဗာပူး

လီဗာပူးတို့ အာဆင်နယ်ကို အိမ်ကွင်းမှာ (၄) ဂိုးပြတ်နဲ့နိုင်ခဲ့တာပါ။

ပွဲမစခင်မှာ အာဆင်နယ်နည်းပြ အာတီတာရော၊ ကစားသမားတွေကပါ လီဗာပူးကို အဝေးကွင်းမှာ အနိုင်ကစားဖို့ ယုံကြည်တယ်ဆိုတာကို လူသိရှင်ကြား ပြောပြီးသားပါ။ ဒါပေမယ့် တကယ်တမ်း ကစားချိန်မှာတော့ ယာဂင်ကလော့ပ်လက်အောက်မှာ တည်ငြိမ်တဲ့ လီဗာပူးကို အာဆင်နယ်တို့ ယှဥ်ကစားဖို့ ခက်ခဲ့ပါတယ်။

image

ပထမပိုင်းမှာ အာဆင်နယ်က ထိုးဖောက်မှုအချို့ပြုလုပ်နိုင်ခဲ့ပေမယ့် လီဗာပူးက သူတို့ လိုချင်တဲ့အတိုင်း ပွဲကို ထိန်းချုပ်ခဲ့ပြီး အခွင့်အရေးအသုံးချမှုအပိုင်းမှာ ကွာဟချက်တွေလည်းများခဲ့ပါတယ်။ ပထမပိုင်းမှာ ကလော့ပ်နဲ့အာတီတာတို့ ထငြိတာကတော့ ဒီပွဲအတွက် မှတ်မှတ်ရရဖြစ်ရပ်တစ်ခုပါပဲ။

image

တကယ်ဆို လီဗာပူးအတွက် အဖွင့်ဂိုးကို မာနေးမသွင်းခင်အချိန်ထိ အာဆင်နယ်ဂိုးသွင်းသွားမလား မျှော်လင့်လို့ရခဲ့ပေမယ့် လီဗာပူးတို့ ဂိုးပေါက်တွေ့သွားတဲ့နောက် ပွဲက တော်တော်လေးသိသာသွားပါတယ်။ ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာတင် ဂျိုတာက အာဆင်နယ်နောက်တန်းထဲကို ထိုးဖောက်ဝင်ရောက်ပြီး ဒုတိယဂိုးသွင်းပေးခဲ့ပါတယ်။

အဲ့ဒီနောက် လှပတဲ့တွဲလုံးကတစ်ဆင့် မာနေးရဲ့ ဖန်တီးပေးမှုကို ဆာလာက လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းခဲ့ပြီး ပွဲကို လုံးဝသတ်ပစ်နိုင်ခဲ့တာပါ။ ကျေနပ်စရာကောင်းတာတစ်ခုကတော့ ကလော့ပ်ရဲ့ လူစားလဲမှုဖြစ်ပြီး မီနာမီနိုက ဝင်ဝင်လာချင်း ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဂိုးမှာလည်း မာနေး၊ ဆာလာတို့ရဲ့ အတိုးအလှုပ်တွေကို ထပ်မံမြင်တွေ့ခဲ့ရပြီး အာနိုးလ်ခင်းပေးလိုက်တာကို မီနာမီနိုက လူစားဝင်ပြီး (၁) မိနစ်မှာပဲ ပိတ်သွင်းယူသွားခဲ့တာပါ။ ဒီပွဲမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ လီဗာပူးတို့ ရှုံးပွဲကြုံတွေ့ခဲ့ပေမယ့် အခုပွဲမှာတော့ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။

(၈) ပွဲဆက်တိုက် အရှုံးက ဘာမှန်းမသိခဲ့တဲ့ အာဆင်နယ်ကတော့ အသင်းကြီးတွေနဲ့တွေ့ရင် ရလဒ်ဆိုးနေကျ သူတို့ရဲ့ အနေအထားကို အများကြီး ပြင်ဆင်ရဦးမှာဖြစ်ပြီး ဒီပွဲမတိုင်ခင် မျိုးစုံလေလုံးထွားခဲ့ပေမယ့် ကလော့ပ်ရဲ့ သတ်ကွင်းထဲကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်။

Share

Loading Next Article...
က္က