အာဆင်နယ်အနေနဲ့ ဆယ်ဘယ်လော့စ်ကို ရာသီကုန်မှာ အပြီးသတ်ခေါ်ယူဖို့လည်းရှိနေတာပါ။

စပိန်ကွင်းလယ်ကစားသမားဆယ်ဘယ်လော့စ်အနေနဲ့ အဓိကကွင်းလယ်ကစားသမားတစ်ဦးအဖြစ်  ကစားခွင့်ရနေတာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်းဖစ်တဲ့ တိုနီအဒမ်ဟာလက်ရှိအသင်းရဲ့အခြေအနေနဲ့နည်းပြ ယူနိုင်းအမ်မရီကိုထောက်ခံပြောဆိုမှုများပြုလုပ်ခဲ့ပြီး ဆယ်ဘယ်လော့စ်မှာလည်း အသင်းအတွက် အ ရေးပါဆုံးကစားသမားတစ်ဦးဖြစ်လာမယ်လို့ ထောက်ပြပြောဆိုလိုက်ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်-၄အပြီးမှာ ရမှတ် ၇မှတ်ရရှိထားပြီး အဆင့် ၅နေရာတွင်သာရပ်တည်နေခဲ့တဲ့ အာ ဆင်နယ်အသင်းရဲ့အခြေအနေကို အသင်းပရိသတ်အများစုက ဝေဖန်မှုများပြုလုပ်နေခဲ့သော်လည်း  တိုနီအဒမ်က အခုလိုအံအားသင့်ဖွယ်သုံးသပ်လိုက်တာပါ။



“ အသင်းရဲ့ပုံစံက ယူနိုင်းရဲ့ နည်းဗျူဟာအောက်မှာ တဖြေးဖြေးအသားကျလာပါပြီ။ အထူးသဖြင့် လို အပ်တဲ့ကစားသမားတွေရောက်ရှိလာလို့လည်းဖြစ်ပါတယ်။ လက်ရှိမှာ ဆယ်ဘယ်လော့စ်ကအသင်းရဲ့ အဓိကသော့ချက်ကစားသမားပါ။ အသင်းရဲ့တိုက်စစ်ကိုအကောင်းဆုံးတွဲဖက်နိုင်တဲ့ ကစားသမားတစ် ဦးလည်းဖြစ်ပါတယ်” လို့ တိုနီအဒမ်ရဲ့ မှတ်ချက်ပြုမှုကို Metro.comက ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။

စပိန်ကွင်းလယ်ကစားသမားဆယ်ဘယ်လော့စ်အနေနဲ့ လက်ရှိမှာ ရီးရဲလ်အသင်းကနေအငှားစာချုပ်နဲ့ လာကစားနေတာဖြစ်ပြီး နည်းပြယူနိုင်းအမ်မရီရဲ့ အဓိက,ကစားသမားတစ်ဦးအဖြစ်ခြေစွမ်းပြကစား နို င်တဲ့အတွက် ပရိသတ်အများစုရဲ့ထောက်ခံမှုကိုရရှိထားသူလည်းဖြစ်ပါတယ်။

အူဘာမီယန်၊ လာကာဇက်တို့ရဲ့နောက် ဒုတိယတိုက်စစ်မှူးနေရာမှာ ကစားနေရတဲ့ ဆယ်ဘယ်လော့ စ်အနေနဲ့ အသင်းအတွက် ၄ပွဲလုံးလူစားဝင်ကစားခွင့်ရရှိထားတာဖြစ်ပြီး အသင်းဖော်တွေအတွက် ဂိုး ၂ ဂိုးဖန်တီးပေးထားနိုင်သူလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က