အာဆင်နယ်နဲ့ဘုန်းမောက်တို့ဟာ ဒီကနေ့ည ရး၃၀ မှာယှဉ်ပြိုင်ကစားကြမှာလည်းဖြစ်ပါတယ်။

နောက်ဆုံး ၆ပွဲမှာ ရလဒ်ကောင်းတွေပြန်ရနေတဲ့ အာဆင်နယ်ရဲ့အခြေအနေက လမ်းကြောင်းမှန်ပေါ်ပြန်ရောက် နေပြီလို့ဆိုရမှာပါ။ ဘုန်းမောက်အသင်းကတော့ အိမ်ကွင်းပွဲစဉ်ေ တွ မှာ ရလဒ်ကောင်းနေဆဲဆိုပေမယ့်အဝေးကွ င်းရောက်ရင်တော့ ထင်သလောက်အလုပ်မဖြစ်သေးပါဘူး။ အထူးသဖြင့် အာဆင်နယ်အသင်းရဲ့အိမ်ကွင်းရောက်တိုင်း အနိုင်ရဖို့ ထက် ဂိုးရဖို့အတွက်ကိုတောင် ရုန်းကန်နေရတဲ့ ဘုန်းမောက်ရဲ့အခြေအနေကအားကိုးရလော  က်နိုင်တဲ့အခြေနေမှာ ရှိမနေသေးတာပါ။ ဒါပေမဲ့ ဘာမဆိုဖြစ်လာနိုင်တဲ့ ဘောလုံး ပွဲတစ်ပွဲရဲ့ ဓမ္မတာကြောင့် ဘ ယ်လို စိတ်ဝင်စားဖွယ်ရလဒ်တွေထွက်ပေါ်လာမလဲဆိုတာကတော့ . . . ။

အာဆင်နယ် Vs ဘုန်းမောက်

ထိပ်တိုက်တွေ့ဆုံမှု

အာဆင်နယ် ၅-၁ ဘုန်းမောက်

ဘုန်းမောက် ၁-၂ အာဆင်နယ်

ဘုန်းမောက် ၂-၁ အာဆင်နယ်

အာဆင်နယ် ၃-၀ ဘုန်းမောက်

ဘုန်းမောက် ၃-၃ အာဆင်နယ်

အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲရလဒ်

မန်ချက်စတာယူနိုက်တက် ၁-၁ အာဆင်နယ်

အာဆင်နယ် ၃-၂ အက်စတွန်ဗီလာ

ဝက်ဖို့ဒ် ၂-၂ အာဆင်နယ်

ဘုန်းမောက်အသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲရလဒ်

ဘုန်းမောက် ၂-၂ ဝက်စ်ဟမ်း

ဆောက်သမ်တန် ၁-၂ ဘုန်းမောက်

ဘုန်းမောက် ၃-၁ အဲဗာတန်



နှစ်ဖက်အသင်းသတင်းများ

  • အာဆင်နယ်အနေနဲ့ တီယာနေးလ်၊ ဘယ်လာရင်တို့ကို လူစာရင်းအတွင်းရွေးချယ်လာဖို့ရှိနေပြီး လူငယ် ကစားသမားအများစုလည်း ပါဝင်လာနိုင်။
  • ဒဏ်ရာရကစားသမားများပြားနေတဲ့အတွက် အဓိက,ကစားသမားအများစုမပါဝင်နိုင်လို့ ဘုန်းမောက်အ ခက်တွေ့နေ။
  • လာကာဇက်ဒဏ်ရာပြဿနာရှိနေလို့ အူဘာမီယန်းတစ်ဦးတည်းကို အထောင်ထားပြီး ဆာကာ၊ ပီပီ၊ ဆယ်ဘယ်လော့တို့နဲ့ ပွဲထွက်လာဖွယ်ရှိ။
  • ၄-၄-၂၊ ၄-၃-၂-၁ အခြေခံပြီး ပွဲထွက်လာနိုင်တဲ့ ဘုန်းမောက်တိုက်စစ်ကို ကော်လ်လန်ဝီလ်ဆန်နဲ့ဆိုလ န်ကီတို့ ဦးဆောင်လာဖွယ်ရှိနေ။


ပွဲကြိုအချက်အလက်

  • အာဆင်နယ်အနေနဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲလုံး ရှုံးပွဲမရှိခဲ့ဘဲ ၄ပွဲနိုင် ၂ပွဲသရေရလဒ်နဲ့အတူ၁၈ဂိုးသွင်းပြီး  ၅ဂိုးပြန်ပေးထားရ။
  • ပြိုင်ပွဲစုံနောက်ဆုံး ၈ပွဲကစားထားပြီးရာတွင် အာဆင်နယ်က ၆ကြိမ်နိုင် ၁ပွဲသရေကျထားပြီး ဘုန်းမော က်က တစ်ကြိမ်ပဲပြန်အနိုင်ရထား။
  • ဘုန်းမောက်အသင်းကတော့ နောက်ဆုံး ၆ပွဲမှာ ၃ပွဲနိုင် ၁ပွဲသရေ ၂ပွဲရှုံးထားပြီး ၉ဂိုးသွင်း ၉ဂိုးပြန်ပေး ထားရ။
  • အာဆင်နယ်အနေနဲ့နောက်ဆုံးပရီးမီးယားလိဂ်အိမ်ကွင်း ၂၁ပွဲမှာ ရှုံးပွဲ ၁ပွဲပဲရှိထားပြီး ၁၆ပွဲနိုင် ၄ပွဲသ ရေကျထား။

ဖြစ်နိုင်ဖွယ်လူစာရင်း

ဒဏ်ရာရ/ပွဲပယ်

အာဆင်နယ်     - ရိုဝီ၊ လာကာဇက်။

ဘုန်းမောက်     - ဒေးဗစ်ဘရုစ်၊ ဂေါ့ဆလင်း၊ စတာနီစ်လက်စ်၊ ဒန်နီရယ်၊ အဒန်စမစ်၊ ဖရေဇာ၊ ဝီလ်ဆန်။

မာ့ခ်လော်ရန်ဆန်ရဲ့ သုံးသပ်ချက်

ယူနိုက်တက်နဲ့ပွဲမှာ အာဆင်နယ်တို့ အကောင်းဆုံးပုံစံရှိခဲ့တယ်။ ဒါပေမဲ့ပုံစံကောင်းမရှိတဲ့ ယူနိုက်တက်ဖြစ်နေ တာကတော့ တစ်ပိုင်းပေါ့။ ဘုန်းမောက်ကလည်း ဒီရာသီအစမှာ အထိုက်အလျောက်ခြေစွမ်းပြနေတယ်ဆိုပေ မယ့်  လိုအပ်ချက်တွေတော့ရှိနေဆဲပါ။ အခွင့်အရေးကိုယ်စီရှိကြတယ်ဆိုပေမယ့် အာဆင်နယ်ဘက်ကိုပိုပြီးအ  လေးသာမိတာတော့အမှန်ပါ။

ခန့်မှန်းရလဒ်    - အာဆင်နယ် ၂-၀ ဘုန်းမောက်

Share

Loading Next Article...
က္က