နယူးကာဆယ်နဲ့ပွဲမှာ ခြေစွမ်းမပြနိုင်တဲ့တိုက်စစ်မှူး အူဘာမီယန်ကို လူစားလဲပြီးတဲ့နောက်မှာ အာဆင်နယ်ကစားသမားတွေ စိတ်ဓာတ်ပိုမိုပြင်းထန်ဖို့လိုမယ်လို့ နည်းပြ အမ်မရီက သတိပေးလိုက်ပါတယ်။ နည်းပြ အာဆင်ဝင်းဂါးလက်ထက်ကတည်းက အာဆင်နယ်ကစားသမားတွေဟာ နိုင်လိုစိတ်နည်းတယ်လို့ အမြဲ ဝေဖန်ခံနေရတာပါ။
Photo: Daily Mail
အာဆင်နယ်အသင်းက ကစားသမားတွေရဲ့စိတ်ဓာတ်ပိုင်းအားနည်းချက်နဲ့ပတ်သက်ပြီး နည်းပြသစ် အူနိုင်းအမ်ရီက ပြစ်တင်ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ စနေညက နယူးကာဆယ်ကို အဝေးကွင်းမှာ ၂-၁ဂိုးနဲ့အနိုင်ရခဲ့ပေမယ့် ကစားသမားတစ်ချို့ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာအားနည်းချက်ကို ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြစ်တင်ပြောကြားခဲ့တာပါ။ အာဆင်နယ်ကစားသမားတွေ ပွဲအတွင်းမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာပိုမိုပြင်းထန်ဖို့လိုတယ်လို့ဆိုခဲ့ပြီး အနိုင်ရဖို့အတွက် ဒေါသတကြီးကစားသင့်တယ်လို့ လည်းအမ်မရီက ဆိုပါတယ်။
ဟာဇက် ဂိုး၄၀အထိသွင်းမယ်လို့ ဟောကိန်းထုတ်လိုက်တဲ့ ဆာရီ
Photo: Daily Mail
အူနိုင်းအမ်မရီဟာ နယူးကာဆယ်နဲ့ပွဲနေ့က တိုက်စစ်မှူး အူဘာမီယန်ရဲ့စွမ်းဆောင်ရည်ကို စိတ်ပျက်ခဲ့ပြီး ပွဲချိန် ၆၈မိနစ်မှာလူစားလဲခဲ့ပါတယ်။ ဒါပေမယ့် နည်းပြကတော့ တိုက်စစ်မှူးအပေါ် ယုံကြည်မှုမပျက်သေးပဲ လူစားလဲခဲ့တာက သာမန်ဖြစ်စဉ်သာဖြစ်တယ်လို့လည်း ပြန်လည်ရှင်းလင်းခဲ့ပါတယ်။ “ဒါက သာမန်ပါ။ ကွင်းထဲမှာကစားသမားတစ်ယောက်ကို ပြောင်းလဲဖို့လိုပြီထင်ရင် လူစားလဲမှာပါ။ ကစားပုံကောင်းပြီး အသင်းကို ကူညီနိုင်တဲ့ကစားသမားတွေကတော့ ဆက်ရှိနေမှာပါ။”လို့ အမ်မရီကပြောပါတယ်။
Photo: Daily Mail
အာဆင်နယ်ကစားသမားတွေဟာ နည်းပြ အာစင်ဝင်းဂါးလက်ထက်မှာကတည်းက နိုင်လိုစိတ်မရှိဘူးလို့ အမြဲလိုဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ကြရပါတယ်။ ဒါ့အပြင် နည်းပြနဲ့အဆင်မပြေဘူးလို့ သတင်းတွေထွက်နေတဲ့ အိုဇေးလ်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးလည်း အမ်မရီက ပြောခဲ့ပါတယ်။ “ကျွန်တော်က အိုဇေးလ်ဆီက အကောင်းဆုံးစွမ်းဆောင်ရည်ကို အမြဲလိုချင်တာပါ။ ကျန်တဲ့ကစားသမားတွေလည်း အလားတူပါပဲ။ နယူးကာဆယ်နဲ့ပွဲမှာ သူဂိုးသွင်းနိုင်ခဲ့လို့ ပျော်ပါတယ်။”လို့ အမ်မရီကပြောပါတယ်။ နယူးကာဆယ်နဲ့ပွဲ အနိုင်ရလဒ်ကလည်း နည်းပြသစ် အမ်မရီအတွက် ပရီးမီးယားလိဂ်သုံးပွဲဆက်အနိုင်ဖြစ်ပြီး အာဆင်နယ်ဟာ အဆင့် ၇ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။