အာဆင်နယ်ပရိသတ်ဖြစ်ခဲ့ဖူးတယ်လို့ ဒန်းနစ်ကဆိုလာတာပါ။

နောက်ပိုင်းပွဲတွေမှာ ဝက်ဖို့ဒ်အတွက် ခြေစွမ်းပြကစားနေတဲ့ တိုက်စစ်ကစားသမား ဒန်းနစ်က သူ့အနေနဲ့ အရင်တုန်းက အာဆင်နယ်ကို အားပေးပေမယ့် နောက်ပိုင်းမှာတော့ ရှုံးလို့ ငိုရတာကြောင့် အခုအားမပေးတော့ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။ အသက် (၂၅) နှစ်အရွယ် နိုင်ဂျီးရီးယားသားဟာ ဝက်ဖို့ဒ်နဲ့လည်း (၅) နှစ်စာချုပ်ချုပ်ဆိုထားသူပါ။



ပြီးခဲ့တဲ့ (၂၀၂၀) ဇွန်မှာ ဒန်းနစ်တယောက် ကလပ်ဘရုဂေးကနေ ဝက်ဖို့ဒ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အာဆင်နယ်ကို အားပေးတဲ့အကြောင်းနဲ့ ပတ်သက်လို့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ဒန်းနစ်က “ကျနော် အာဆင်နယ် ပရိသတ်တယောက်ဖြစ်ခဲ့ပါတယ်”

“နောက်ပြီး ဖာဘရီဂတ်စ်ကိုလည်း ကျနော် သဘောကျပါတယ်။ ဒါပေမယ့် ကျနော် အခုတော့ အာဆင်နယ်ကို အားမပေးနိုင်တော့ပါဘူး။ ကျနော်က အဲ့ဒီအသင်းကို အရူးအမူးအားပေးခဲ့ပေမယ့် သူတို့ရှုံးတဲ့အခါ တခါတလေ ငိုရတယ်ဗျာ”

“အဲ့ဒါက ကျနော့်အတွက် မကောင်းဘူးလေ။ အဲ့ဒါနဲ့ ကျနော်လည်း ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်တော့မယ်၊ အာဆင်နယ်ကို အဲ့ဒီလောက် ဂရုမစိုက်တော့ဘူးဆိုပြီး နေရတော့တာပေါ့။ ဘာလို့လဲဆိုတော့ ကျနော့် ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လေ။ အခုတော့ ကျနော် အဆင်ပြေနေပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ အိမ်ကွင်းအတွက် ဟိုက်ဘူရီကနေ အမ်းမရိတ်စ်ကို ပြောင်းရွှေ့လာပြီးတဲ့နောက်ပိုင်း အောင်မြင်မှုတွေနဲ့ တော်တော်လေး ဝေးကွာခဲ့ပြီး ပရိသတ်တွေအတွက် စိတ်ပျက်စရာ အချိန်ကာလတွေကို ဖြတ်သန်းခဲ့ရတာပါ။

ဒန်းနစ်ပြောသလိုမျိုး အာဆင်နယ် ပရိသတ် အများအပြားက ပြောခဲ့ဖူးပေမယ့် တကယ်တမ်းမှာတော့ သူတို့အားလုံး အခုချိန်ထိ အာဆင်နယ်ကိုသာ စွဲစွဲမြဲမြဲ အားပေးနေကြဆဲဖြစ်တာကြောင့် ဒန်းနစ်ရော အာဆင်နယ်ကို တကယ်စိတ်ပျက်သွားပြီလားဆိုတာ မေးခွန်းထုတ်စရာတွေရှိနေပါတယ်။ 

Share

Loading Next Article...
က္က