တရုတ်အသင်းတွေကို နောက်ဆုံး ၂ ကြိမ်တွေ့ဆုံခဲ့ရာမှာ ၂ ကြိမ်စလုံး တစ်ဂိုးဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပေမယ့် ခြေရည်တူ ကစားလာနိုင်တာကို မြင် တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
Photo - MFF
တရုတ်နိုင်ငံ Qujing မြို့မှာ ကျင်းပပြုလုပ်နေတဲ့ CFA International Youth Football Tournament 2018 ပြိုင်ပွဲကို မြန်မာ ယူ-၂၁ (ခ) အသင်း ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။
နိုင်ငံပေါင်း (၁၀၀)ကျော် ချိတ်ဆက်ခဲ့ပေမယ့်လည်း စက်တင်ဘာလအတွက် ခြေစမ်းပွဲ အဆင်မပြေ
မြန်မာအသင်းကတော့ မနေ့က ညနေပိုင်းက အိမ်ရှင် တရုတ်အသင်း နဲ့ စတင်ကစားခဲ့ရာမှာတော့ တစ်ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပါတယ်။
Photo - MFF
ဒီပြိုင်ပွဲမှာ မြန်မာ၊တရုတ်၊ဥဇဘတ်ကစ္စတန်နဲ့ တာဂျစ်ကစ္စတန်အသင်းတို့ ပါဝင်နေပြီး မြန်မာအသင်းအတွက်ကတော့ အတွေ့အကြုံ အများကြီး ရမယ့် ပြိုင်ပွဲလည်း ဖြစ်ပါတယ်။
မြန်မာ ယူ-၂၁ အသင်းအနေနဲ့ ဒီအသင်းက (ခ)အသင်းသာ ရှိသေးပြီး လာမယ့် ၂၀၁၉ ဖိလစ်ပိုင် ဆီးဂိမ်းအတွက် ရည်ရွယ်ယှဉ်ပြိုင်နေတာလို့ လည်း နည်းပြချုပ် ဦးကြည်လွင်က ပွဲအပြီးမှ ပြောခဲ့ပါသေးတယ်။
Photo - MFF
မြန်မာအသင်းအနေနဲ့ ပွဲအစပိုင်းတွင် ရုန်းကန်ခဲ့ရသော်လည်း လက်ကျန်ပွဲချိန်တစ်လျှောက်လုံး တရုတ်အသင်းရဲ့ တိုက်စစ်တွေကို ကောင်းမွန်စွာတုံ့ပြန်နိုင်ခဲ့ပါတယ်။
တရုတ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၁၁ မိနစ်မှာ ဇောင်ယွမ်းမှ သွင်းယူခဲ့တာ ဖြစ်ပြီး ပွဲအပြီး မှာတော့ မြန်မာအသင်းက ၁-၀ ဂိုးရလဒ်ဖြင့် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
Photo - MFF
မြန်မာ့ဘောလုံးအသင်းတွေနဲ့ ယခု ၂၀၁၈ ခုနှစ်အတွင်း တရုတ်အသင်းတွေနဲ့ ၂ ကြိမ်တွေ့ထားပြီး နှစ်ကြိမ်စလုံး တစ်ဂိုး ဂိုးမရှိတွေနဲ့ပဲ အရေး နိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။
အစောပိုင်းတုန်းက မြန်မာ့လက်ရွေးစင်နည်းပြသစ် အန်တွန်နီဟေး ရောက်လာချိန်ကလည်း တရုတ်လက်ရွေးစင်အသင်းနဲ့ မြန်မာ လက်ရွေးစင် အသင်းတို့ တရုတ်နိုင်ငံမှာ ခြေစမ်းပွဲကစားခဲ့ပြီး မြန်မာအသင်းက ခြေရည်တူ ကစားကာ တရုတ်အသင်းကို တစ်ဂိုး တည်းနဲ့သာ အရေးနိမ့်ခဲ့ရပါ တယ်။
Photo - MFF
အဆိုပါ တရုတ်လက်ရွေးစင်အသင်းကိုတော့ ၂၀၀၆ ကမ္ဘာ့ဖလား ချန်ပီယံ အီတလီအသင်းရဲ့ နည်းပြ လစ်ပီက ဦးဆောင်နေတာကြောင့်လည်း ကမ္ဘာ့ချန်ပီယံ ကိုင်တွယ်နေတဲ့အသင်းကို ပြင်ဆင်ချိန်မရှိပဲ နည်းပြအန်တွန်နီဟေးက ခြေရည်တူ ကစားပြထားခဲ့တာ ဖြစ်ပါတယ်။
အခုလည်း ဦးကြည်လွင်က ယူ -၂၁ (ခ)အသင်းနဲ့ တရုတ်အသင်းကို သူ့မြေ သူ့ရေမှာ ခြေရည်တူ ကစားပြသွားတာ ဖြစ်ပြီး မြန်မာ့ဘောလုံး အဆင့်အတန်း အရွေ့တစ်ခုကို လှစ်ဟပြနေကြပြီလည်း ဖြစ်ပါတယ်။
တရုတ်အသင်းက အာရှရဲ့ အင်အားကြီးအသင်းတစ်သင်းဖြစ်သလို လက်ရှိ ကမ္ဘာ့အဆင့် ၇၅ အာရှအဆင့် ၇ တို့မှာ မြင့်မားစွာ ရပ်တည်နေတဲ့ အသင်းလည်းဖြစ်ပါတယ်။
မြန်မာအသင်းကတော့ ကမ္ဘာ့အဆင့် ၁၃၈ နဲ့ အာရှအဆင့် ၂၇ မှာ ရပ်တည်နေတာဖြစ်တာကြောင့် ဘောလုံးအဆင့်အတန်းအရ များစွာ ကွာဟ နေတဲ့အသင်းလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ မြန်မာအသင်းတွေရဲ့ ကြိုးစားမှုကြောင့် ဒီလိုအာရှအသင်းကြီးကို ခြေရည်တူ ကစားလာနိုင်တဲ့ အနေအထားတစ်ရပ်ကို မြင်တွေ့နေရပြီ ဖြစ်ပြီး လာမယ့် ဆူဇူကီး၊ဆီးဂိမ်းနဲ့ အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာ မြန်မာအသင်းတွေရဲ့ အောင်ပွဲကို ပိုမိုမျှော်လင့် နိုင်နေပြီ ဖြစ်ပါတယ်။
Share