လက်စတာကွင်းလယ်သမားချောင်ဒ်ဟူရီအနေနဲ့ လီဗာပူးတောင်ပံကစားသမားဆာလက်ဒ်ကိုဖျက်ထု တ်ပုံကြမ်းတမ်းခဲ့တဲ့အတွက် အခုလိုဝေဖန်ခံနေရတာပါ။
လီဗာပူးအသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကစားပုံကြမ်းတမ်းခဲ့တဲ့ လက်စတာကွင်းလ ယ်ကစားသမား ချောင်ဒ်ဟူရီကို လီဗာပူးပရိသတ်အချို့က လူမှုကွန်ယက်ပေါ်တွင်ဝေဖန်မှုများပြုလုပ်ခဲ့ ပြီး အာရှရဲ့လူညစ်၊ လူမည်းတစ်ယောက်အဖြစ် လူမျိုးရေးခွဲခြားပြောဆိုမှုများပြုလုပ်ခဲ့တယ်လို့ Daily mail ရဲ့ဖော်ပြချက်အရ သိရပါတယ်။
လက်စတာကွင်းလယ်ကစားသမားချောင်ဒ်ဟူရီရဲ့ ကြမ်းတမ်းစွာဖျက်ထုတ်ခြင်းခံခဲ့ရတဲ့ ဆာလက်ဒ်အ နေနဲ့ ပြင်းထန်တဲ့ခြေကျင်းဝတ်ဒဏ်ရာရရှိနိုင်တဲ့အခြေအနေအထိ ဆိုးရွားခဲ့တာဖြစ်ပြီး လီဗာပူးနည်းြ ပ ကလော့ပ်ကိုယ်တိုင်က အန္တရာယ်ရှိတဲ့ ဖျက်ထုတ်မှုတစ်ခုဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့တာပါ။
လူမှုကွန်ယက်စာမျက်နှာတွေဖြစ်တဲ့ တွစ်တာနဲ့အင်စတာဂမ်တို့တွင် အဓိကဝေဖန်ခဲ့ကြတဲ့ လီဗာပူးပရိ သတ်တွေရဲ့ လုပ်ရပ်အပေါ်လက်စတာအသင်းပရိသတ်တွေကလည်းတန်ပြန်တုံ့ပြန်ပြောဆိုမှုများ ပြု လုပ်ခဲ့ပြီး လူမျိုးရေးခွဲခြားမှုများက အဆင့်အတန်းမရှိတဲ့လုပ်ရပ်ဖြစ်တယ်လို့လည်း အပြန်အလှန်စွပ်စွဲ မှုများဖြစ်ပေါ်နေခဲ့တာလည်းဖြစ်ပါတယ်။
“ လူမည်းငညစ်အာရှသား ”၊ “ လူမဆန်တဲ့ ဘင်္ဂလားဒေ့ရှ်က ငညစ်ကစားသမား ”၊ “ လှောင်အိမ်ထဲ မှာပဲ နေသင့် မျောက်”၊ “ တိရစ္ဆာန်တစ်ကောင်ထက် ပိုရိုင်းတဲ့သူ ” အစသဖြင့် လီဗာပူးပရိသတ်တွေ က လှောင်ပြောင်ဝေဖန်မှုတွေပြုလုပ်ခဲ့တာပါ။
လီဗာပူးပရိသတ်အချို့ရဲ့ လုပ်ရပ်အပေါ် အခြားအသင်းပရိသတ်အများစုက တန်ပြန်တုံ့ပြန်ပြောဆို မှုများ ပြုလုပ်ခဲ့ပြီး ဆက်စပ်သတင်းတွေ အရ အက်ဖ်အေစည်းကမ်းထိန်းသိမ်းရေးအနေနဲ့ ဖြစ်စဉ်ကိုစုံ စမ်းမှု ပြုလုပ်ဖွယ်ရှိနေပြီး စွဲချက်တင်အရေးယူမှုအချို့ပြုလုပ်ဖို့ရှိနေတယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။