ဝန်ဆောင်မှု နှစ်ခုလည်း ပိတ်ခဲ့ပါတယ်

အရှေ့တောင်အာရှမှ နာမည်ကျော် Ride-Hailing လုပ်ငန်းစုတစ်ခုဖြစ်တဲ့ Gojek ဟာ ဝန်ထမ်းအင်အား စုစုပေါင်းရဲ့ ၉% အထိ လျှော့ချလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။

Gojek ဟာ COVID-19 ကပ်ဘေးကို ရေရှည်တုန့်ပြန်ဖို့အတွက် ကုမ္ပဏီရဲ့ ပင်မစီးပွားရေးလုပ်ငန်းတွေ ဖြစ်တဲ့ ငွေပေးချေမှု ၊ သယ်ယူပို့ဆောင်ရေး နဲ့ အစားအသောက်ပို့ဆောင်ရေးတို့ပေါ် ဦးစားပေးနိုင်ဖို့ အခုလို လူလျှော့လိုက်တာ ဖြစ်တယ်လို့ TechInAsia က ဆိုပါတယ်။

Photo: techinasia


“အကြီးဆုံး စိန်ခေါ်မှုက အနာဂါတ်မှာ မသေချာမှုတွေ ကျန်ရှိနေမယ်ဆိုတာပါပဲ။ စိတ်မကောင်းစရာအချက်က ဒါဟာ ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်တဲ့ နည်းလမ်းတွေနဲ့ ထုတ်ကုန်တွေ ဝန်ဆောင်မှုပေးတဲ့ ပုံစံကို ထာဝရပြောင်းလဲသွားနိုင်ပါတယ်။” လို့ Gejek ပူးတွဲအမှုဆောင်အရာရှိချုပ်တွေ ဖြစ်တဲ့ အန်ဒရေ ဆိုလစ္စထရို နဲ့ ကယ်ဗင်အလူဝီတို့ရဲ့ ဝန်ထမ်းတွေဆီ အသိပေးတဲ့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။

နည်းဗျူဟာသစ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ Gojek ရဲ့ အိမ်တွင်းအနှိပ်နဲ့ သန့်ရှင်းရေးဝန်ဆောင်မှု GoLife နဲ့ အစားအသောက်ဆိုင်တန်းလုပ်ငန်း GoFood Festivals တို့ကိုလည်း ပိတ်သွားမှာပါ။ ဒီဝန်ဆောင်မှုနှစ်ခုလုံးဟာ ကပ်ဘေးအတွင်းမှာ သိသိသသာသာ ကျဆင်းသွားခဲ့တဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။


Photo: SGSME

အလုပ်လျှော့ခံရတဲ့ ဝန်ထမ်းတွေကို နစ်နာကြေးပေးသွားမယ့်အပြင် အလုပ်သစ်နဲ့လည်း ချိတ်ဆက်ပေးသွားမယ်လို့ Gojek က ထုတ်ပြန်ပါတယ်။ COVID-19 အတွင်း Gojek ခရီးသည် သယ်ပို့လုပ်ငန်းဟာ ထိုးကျသွားခဲ့ပြီးနောက် ယာဉ်မောင်းနဲ့ အလုပ်သမားများကို ထောက်ပံ့ဖို့ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ Gojek ရဲ့ အကြီးတန်းစီမံရေးရာ အရာရှိတွေကို လစာဖြတ်တောက်ခဲ့ရာကနေ အင်ဒိုနီးရှားရူပီးယား ဘီလျံ ၁၀၀ (ဒေါ်လာ ၇ သန်းကျော်) ရခဲ့တယ်လို့ဆိုပါတယ်။

ကပ်ဘေးအတွင်း Lockdown လုပ်ထားချိန်မှာ Gojek ရဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းဟာ ၈၀% မြင့်တက်လာပြီး အွန်လိုင်း အစားအသောက် ကုန်ပစ္စည်း ပေးပို့တဲ့ လုပ်ငန်းကတော့ နှစ်ဆကျော် တိုးတက်လာခဲ့တယ်လို့ Gojek က ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က