အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ သောကြာနေ့ (စက်တင်ဘာ ၂၈ ရက်) က ဖြစ်ပွားခဲ့တဲ့ ငလျင်နဲ့ဆူနာမီကြောင့် သေဆုံးသူအရေအတွက်ဟာ ၁,၃၄၇ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာဌာနမှ ယနေ့ (အောက်တိုဘာ ၂ ရက်) ပြောပါတယ်။

Photo: Reuters

Photo: CNN

Photo: AFP
ပါလူမြို့မှာ ဆူနာမီရေလှိုင်းအမြင့် အနည်းဆုံး ၅ ပေမှ ပေ ၂၀ အထိ တက်ရောက်ခဲ့ပြီး အနီးအနားရှိ ဒေါင်ဂါလာမြို့မှာလည်း ငလျင်နဲ့ဆူနာမီရေလှိုင်းဒဏ် ခံခဲ့ရကြောင်း သိရပါတယ်။ငလျင်နဲ့ဆူနာမီရေလှိုင်းဒဏ် အဓိက ခံခဲ့ရတဲ့ ပါလူမြို့ဧရိယာအတွင်း နေရာအများအပြားကို ရှာဖွေကယ်ဆယ်ရေးသမားများ မရောက်နိုင်သေးဘဲ သေဆုံးသူအရေအတွက် ဆက်လက် မြင့်တက်လာနိုင်ကြောင်း အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။
Photo: CNN
ထိုအတောအတွင်း ငလျင်ကြီးလှုပ်မှုကြောင့် မြေပြိုမှုအတွင်း ပြိုကျသွားခဲ့တဲ့ ပါလူမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းမှ သမ္မာကျမ်းစာသင် စာသင်သား ၃၄ ဦးရဲ့အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ခရစ်ယာန်ဘုရားကျောင်းမှ နောက်ထပ် စာသင်သား ၅၂ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကြက်ခြေနီအဖွဲ့က ပြောပါတယ်။