တရားရုံးကလည်း ပယ်ချခဲ့တယ်လို့ သိရပါတယ်။

သရုပ်ဆောင် မိုးအောင်ရင်ရဲ့ ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးကတော့ အဆိုတော် ဦးအောင်ရင်ကို နောက်တိုး တရားခံအဖြစ် ရုံးချိန်းမှာ သက်သေတင်ပြခဲ့တဲ့အကြောင်း ပြောပြလာပါတယ်။ 

မိုးအောင်ရင်ကို ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုထားတဲ့ မခင်မြတ်နိုးကတော့ မူးယစ်ဆေးဝါးသုံးစွဲတယ်လို့ စွပ်စွဲပြောဆိုထားတဲ့ အင်တာဗျူးတစ်ခုမှာ မိုးအောင်ရင်နဲ့အတူ ဖခင်ဖြစ်တဲ့ ဦးအောင်ရင်လည်း ပြောဆိုထားတာ ဖြစ်တဲ့အတွက် ဦးအောင်ရင်ကို နောက်တိုးတရားခံအဖြစ် ရန်ကင်းတရားရုံးမှာ သက်သေတင်ပြလိုက်တယ်လို့ သိရပါတယ်။ သူမရဲ့ နောက်တိုးတရားခံ သက်သေတင်ပြမှုကိုလည်း တရားရုံးက ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။ 

“ သူတို့ကလည်း မီဒီယာ တစ်ခုမှာ မိုးအောင်ရင်တစ်ယောက်တည်းပြောတာ မဟုတ်ဘူး သူ့အဖေပါ ပြောထားတာ ဖြစ်တဲ့အတွက် နောက်တိုး တရားခံအဖြစ်ထည့်လို့ရမယ်ထင်လို့ ပြောလိုက်တာပါ။ ဒါပေမယ့် တရားရုံးကလည်း သူတို့ရဲ့ ဥပဒေနည်းအတိုင်း ပယ်တယ်ဆိုတော့ ဘာမှမဖြစ်ပါဘူး။ အဓိက တရားခံက မိုးအောင်ရင်ဖြစ်နေတယ်။ ပြီးတော့ မိုးအောင်ရင်နဲ့ ပတ်သက်တဲ့သူဖြစ်တဲ့အတွက် မဆိုင်လောက်ဘူးထင်လို့ သူတို့ ပယ်လိုက်တယ်လို့ ထင်ပါတယ်” ဆိုပြီးတော့ မီဒီယာ အင်တာဗျူးတွေမှာ ပြောပြခဲ့ပါတယ်။ 

အဲဒီနောက် မခင်မြတ်နိုးက ဒီနေ့(ဖေဖော်ဝါရီလ ၂၈ရက်) နေ့မှာ ပြုလုပ်တဲ့ ရုံးချိန်းအခြေအနေကိုလည်း ပြောပြခဲ့ပါတယ်။ စစ်ဆေးမှုတွေ အပေါ်မှာလည်း မှန်မှန်ကန်ကန်ဖြစ်ဖို့ မျှော်လင့်ထားတယ်လို့ သူက ဆိုပါတယ်။  

“ ဒီနေ့ အမှုအခြေအနေကတော့ ညီမ ဘက်က သက်သေတွေ တင်ပြရတယ်။ နောက်တိုး တရားခံသက်သေကိုတော့ ပယ်ချုလိုက်ပါတယ်။ ဒီအမှုအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါတယ်။ ကိုယ့်ဘက်က အမှန်တရားအတိုင်းသွားနေတာ ဖြစ်တဲ့အတွက် တရားဥပဒေကလည်း မှန်မှန်ကန်ကန် ဆုံးဖြတ်မယ်လို့ မြင်ပါတယ်” လို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရုံးချိန်းတက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။  

မိုးအောင်ရင်ကို ရည်းစားဟောင်းက ရန်ကင်းမြို့နယ်တရားရုံးမှာ ကာမလိမ်လည်မှုနဲ့ ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်ကတော့ ဒီဇင်ဘာ၁၃ရက်နေ့က ပြုလုပ်တဲ့ ရုံးချိန်းမှာ သိန်း(၁၀၀)နဲ့ အာမခံရခဲ့တာဖြစ်ပါတယ်။

သူဟာ ချစ်သူကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခုမှာ အင်တာဗျူးပြီးနောက်ပိုင်း ယခုလို တရားစွဲဆိုခြင်း ခံရတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် မိုးအောင်ရင်ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၄၁၇ဟာ လိမ်လည်မှုပုဒ်မဖြစ်ပြီး ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရနိုင်သည်ဟု ရာဇသတ်ကြီး ဥပဒေမှာ ပြဌာန်းထားကြောင်း သိရပါတယ်။ နောက်ထပ် ရုံးချိန်းကိုတော့ မတ်လ ၁၃ ရက်နေ့မှာ ထပ်မံချိန်းဆိုလိုက်တယ်လို့ မခင်မြတ်နိုးက ပြောပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က