ထူးပိုင်ဇော်ဦးကတော့ သူကိုယ်တိုင် လေ့ကျင့်သင်ကြားပေးခဲ့တဲ့ သရုပ်ဆောင် အသစ်လေးတွေဟာ အခုဆိုရင် အနုပညာလောကမှာ ပရိသတ်အားပေးမှုတွေ ရရှိလာတဲ့အပေါ် အခုလို ပြောပြလာပါတယ်။
Photo: Htoo Paing Zaw Oo
ဒါရိုက်တာ ထူးပိုင်ဇော်ဦးကတော့ အနုပညာအလုပ်ကို ဝါသနာပါတဲ့ လူငယ်တွေကို သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်အောင် အမြဲတမ်း မွေးထုတ်ပေးလေ့ရှိတဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပါတယ်။ သူ မွေးထုတ်ပေးလိုက်တဲ့ အနုပညာရှင်လေးတွေဟာ အောင်မြင်မှုတွေ ရရှိလာတဲ့အပေါ် ကျေနပ်ဂုဏ်ယူနေမိပြီလို့ ဆိုပါတယ်။
"၂၀၁၄ ကနေ အခု ၂၀၂၀ နှစ်စ အထိ ၆ နှစ်ကျော် ကာလမှာ ၃ နှစ်တိတိသော အချိန်တွေကို သရုပ်ဆောင်အသစ်တွေကို လေ့ကျင့်ပေးတာ နဲ့ ဖြတ်သန်းတယ်။ ကျွန်တော့်ရဲ့ တခြားအနုပညာအလုပ်တွေပါ ရပ်ပြီး ကို Training လုပ်တာ။ ပြောရရင် တော့ အချိန်တွေ အများကြီး ။ အပြင်လူအနေနဲ့ ကြည့်ရင် အံ့ဩစရာကြီး ။
ဒါပေမယ့် ကျွန်တော်ပေးခဲ့တဲ့ အချိန်တိုင်းဟာ ထိုက်တန်ပါတယ်။ တစ်ယောက်ချင်းစီ အသိအမှတ်ပြုခံရတာအတွက်လဲ ကြည်နူးပါတယ်။ ဝမ်းမြောက်ပါတယ်။ ဂုဏ်ယူကျေနပ်ပါတယ်" ဆိုပြီးတော့ ဇွန်လ ၆ ရက်နေ့ ည က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Htoo Paing Zaw Oo
ဒါရိုက်တာ ထူးပိုင်ဇော်ဦး က "ည" ရုပ်ရှင်ကားကြီးကနေစပြီး သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားတိုင်းမှာ သရုပ်ဆောင် အသစ်များစွာနဲ့ ရိုက်ကူးခဲ့တာဖြစ်သလို ပရိသတ်အားပေးမှုတွေလည်း အများကြီးရခဲ့သူဖြစ်ပါတယ်။ နောက်ထပ် ရိုက်ကူးမယ့် " Yangon In Love" ရုပ်ရှင်ကားကြီးအတွက် မျှော်လင့်ချက်ထား ထားတယ်လို့လည်း သူက ဆိုပါတယ်။
"ပထမဆုံး ရုပ်ရှင် 'ည' မှာ သရုပ်ဆောင်သစ် ၁၀ ယောက် နဲ့ ပွဲထွက်တယ်။ 'သူစိမ်းအိမ်' မှာ အသစ် ၄ ယောက်၊ 'လရဲ့ အောက်ဘက် မိုင်အဝေးမှာ' အသစ် ၃ ယောက် ။ အခု ၄ ကားမြောက် ရုပ်ရှင် 'Yangon In Love' မှာ တော့ အသစ်တွေ ချည်း ခေါင်းဆောင်ပါဝင်ပြီး နောက်ထပ် အနုပညာဖန်တီးမှုတခု ကို ထပ်လုပ်ပါတယ်။
အဓိက သရုပ်ဆောင် အသစ် ၈ ယောက် အပါအဝင် အရေးကြီး ဇာတ်ကောင်များမှာ သရုပ်ဆောင် အသစ် ၂၆ ယောက် ပါပါတယ်။ကျွန်တော့် ရဲ့ နောက်ထပ် မျှော်လင့်ချက်တစ်ခုပါ။ မျှော်လင့်ချက် အကြီးကြီး ။ အိပ်မက် အကြီးကြီး။ ရင်ခုန်တယ် Yangon In Love " ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့ပါတယ်။
Photo: Htoo Paing Zaw Oo
ဒါရိုက်တာ ထူးပိုင်ဇော်ဦးဟာ ပရိသတ်အားပေးမှု များစွာ ရရှိထားတဲ့ လူငယ်ဒါရိုက်တာ တစ်ယောက်ဖြစ်ပါတယ်။ သူဟာ တက်သစ်စ လူငယ်ဒါရိုက်တာတစ်ယောက် အနေနဲ့ အကောင်းဆုံးတွေ ဖန်တီးနိုင်လို့လည်း ဝါရင့်အနုပညာရှင်ကြီးတွေရဲ့ ချီးကျူးခြင်းကို ခံထားရသူတစ်ယောက်ပါ။ သူ့ကိုတော့ " ည" ရုပ်ရှင်ဇာတ်ကားကြီးက စလို့ ဒါရိုက်တာ တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။
Share