• အဲဗာတန်နဲ့သရေကျအောင်လုပ်ခဲ့လို့ ရစရာမရှိအောင် အဆဲခံနေရတဲ့ ချဲလ်ဆီးကစားသမား

ချေပဂိုးပေးခဲ့ရတဲ့နေရာမှာ အဓိကပါဝင်ပတ်သက်သူ ဖြစ်ခဲ့တာပါ။

ချဲလ်ဆီးအသင်းပရိသတ်တွေဟာ စတမ်းဖို့ဒ် ဘရစ်ဂျ်မှာ အဲဗာတန်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း ချေပဂိုးကို ခွင့်ပြုခဲ့ရချိန်မှာ ပါဝင်ခဲ့တဲ့ ဆာအူးလ် နီဂယ်ကို အညှာအတာမရှိ ရက်ရက်စက်စက် ပြစ်တင်ကြိမ်းမောင်းခဲ့ကြပါတယ်။

image

ချဲလ်ဆီးအသင်းဟာ ကြာသပတေးနေ့ညက ကစားခဲ့တဲ့ အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာ မေဆန် မောင့်ရဲ့ ဦးဆောင်ဂိုးကို ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ဘရန့်သ်ဝိတ်က အဲဗာတန်အသင်းအတွက် ပြန်လည်ချေပသွားနိုင်ခဲ့ပြီး အဲဒီချေပဂိုးဟာ ဆာအူးလ်ရဲ့ နမော်နမဲ့နိုင်တဲ့ ရှင်းထုတ်မှုကြောင့် ပေးခဲ့ရတာဖြစ်ပါတယ်။

image

အန်သိုနီ ဂေါ်ဒန်က ပင်နယ်တီ ဧရိယာထဲကို ဝိုက်တင်ပေးလိုက်တဲ့ဘောလုံးကို ဆာအူးလ်က ခေါင်းတိုက် ရှင်းထုတ်ဖို့ ကြိုးပမ်းခဲ့ရာမှာ မအောင်မြင်ခဲ့တဲ့နောက် ဘရန့်သ်ဝိတ်က အသာအယာပဲ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးပရိသတ်တွေဟာ အဲဒီချေပဂိုးမှာ ဆာအူးလ်ရဲ့ ပါဝင်ပတ်သက်မှုကို ညည်းတွားဖို့အတွက် အချိန်မဆိုင်းခဲ့ဘဲ အက်သလက်တီကို မက်ဒရစ်အငှားကစားသမားကို ရစရာမရှိအောင် ရက်ရက်စက်စက် ပြစ်တင်ကြိမ်းမောင်းခဲ့ကြတာဖြစပါတယ်။

"ဆာအူးလ်က လိဂ်တစ်ခုလုံးမှာ အဆိုးရွားဆုံးကစားသမားဖြစ်နိုင်တယ်ဆိုတာ အမှန်ပဲ"လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး နောက်ထပ်တစ်ဦးကလည်း "ငါတို့တွေ ဆာအူးလ်ကို အငှားနဲ့ ခေါ်ခဲ့တာက ငါတို့ရဲ့ ဆုဖလားပြိုင်ပွဲမှာ ပေးဆပ်ရဖို့လား။ ငါတော့ စိတ်ကုန်သွားပြီ"လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ အဲဗာတန်အသင်းနဲ့ သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်အသင်းတို့ရဲ့နောက် တတိယနေရာမှာသာ ဆက်လက်ရပ်တည်ခဲ့ရပြီ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က