လီဗာပူးလ်ကစားသမားဘဝမှာ ယူနိုက်တက်ကို ဟက်ထရစ်သွင်းခဲ့သူပါ။

လီဗာပူးလ်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကနေ ဒါ့ကွတ်က ပြောဆိုခဲ့တာဖြစ်ပြီး သူ့ရဲ့ အတွေ့အကြုံတွေကိုလည်း ပြန်လည်ဝေမျှသွားခဲ့ပါတယ်။


လီဗာပူးလ်အသင်းရဲ့တိုက်စစ်မှူးဟောင်းဒါ့ကွတ်က မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်တို့ ကစားရမယ့် ဒီတစ်ပတ်ပွဲစဉ်မတိုင်ခင်မှာ အဆိုပါပွဲစဉ်က ဘယ်လောက်အထိအရေးပါတယ်ဆိုတာကို ပြောဆိုလိုက်ပါတယ်။ လီဗာပူးလ်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကနေ ဒါ့ကွတ်က ပြောဆိုခဲ့တာဖြစ်ပြီး သူ့ရဲ့ အတွေ့အကြုံတွေကိုလည်း ပြန်လည်ဝေမျှသွားခဲ့ပါတယ်။

လီဗာပူးလ်ကတော့ အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး ဒီပွဲစဉ်မတိုင်ခင်ကစားထားတဲ့ ပွဲစဉ်အားလုံးကို အနိုင်ရရှိထားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ရလဒ်တွေဆိုးဝါးနေပြီး အဆင့် ၁၂နေရာကို ရောက်ရှိနေကာ တန်းဆင်းဇုန်နဲ့ ၂မှတ်သာကွာဟတော့တဲ့ အခြေအနေမှာ ရှိနေတာကြောင့် လီဗာပူးလ်နဲ့ပွဲမှာ အမှတ်ရရှိဖို့ ရုန်းကန်ရမှာလည်း ဖြစ်ပါတယ်။

"လီဗာပူးလ်နဲ့ယူနိုက်တက်တို့ရဲ့ ပြိုင်ဆိုင်မှုက တကယ်ကိုထူးခြားတဲ့ခံစားချက်ပါပဲ၊ အဲဗာတန်နဲ့လီဗာပူးလ်ကို ဒါဘီပွဲလို့ ကျွန်တော်တို့ သိထားကြပြီး လီဗာပူးလ်ပရိသတ်တွေအတွက် အရေးပါတဲ့ပွဲပါ၊ ဒါပေမယ့် လီဗာပူးလ်နဲ့ ယူနိုက်တက်၊ ယူနိုက်တက်နဲ့လီဗာပူးလ်တို့ရဲ့ပွဲက အင်္ဂလန်ရဲ့ အကောင်းဆုံးနဲ့အကြီးမားဆုံးပွဲဖြစ်ပါတယ်"

"သူတို့နဲ့ ကစားရတာကို ကျွန်တော်နှစ်သက်မိပါတယ်၊ ယူနိုက်တက်ကို ဟက်ထရစ်သွင်းယူနိုင်ခဲ့တာ၊ အက်ဖ်အေဖလားပွဲစဉ်မှာ နောက်ကျဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲတွေက ကျွန်တော့်အတွက်တကယ်ပျော်ရွှင်ခဲ့ရတဲ့ ပွဲတွေဖြစ်ပါတယ်၊ ဒီပွဲကို ကျွန်တော်အမြဲတမ်းစောင့်ကြည့်ဖြစ်ပါတယ်၊ ဘာလို့လဲဆိုတော့

လီဗာပူးလ်ကစားတာကို ကြည့်ရတာကို ပျော်ရွှင်မိလို့ပါ၊ ဒီပွဲက တခြားပွဲထက်ပိုပြီးတော့ စိတ်လှုပ်ရှားမှုပေးနိုင်ပါတယ်" လို့ ဒါ့ကွတ်က ပြောသွားခဲ့ပါတယ်။

ဒါ့ကွတ်ကတော့ ခြောက်နှစ်ကြာကစားပေးခဲ့သူဖြစ်ပြီး ၂၀၈ ပွဲမှာ ၅၁ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ အသက် ၃၉ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဒါ့ကွတ်က ကစားသမားဘဝကနေ အနားယူသွားခဲ့ပြီဖြစ်ပြီး ဟော်လန်လက်ရွေးစင်အသင်းအတွက်လည်း အဓိကကစားသမားအဖြစ် ပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က