အိပ်နေတုန်းမှာ အသက်လုပြေးရတာလိုမျိုး အိပ်မက်ဆိုးမျိုးမက်ပြီးပဲဖြစ်ဖြစ်၊ ဒီတိုင်း နိုးလာရာကနေပဲဖြစ်ဖြစ် အသိစိတ်က ဝင်လာပေမဲ့ တစ်ကိုယ်လုံးလှုပ်မရ၊ရှားမရနဲ့ လန့်ပြီးအော်ဖို့ကြိုးစားလည်း အော်လို့မရတဲ့ အဖြစ်မျိုး လူတိုင်း နီးပါး ကြုံဖူးကြမယ် ထင်ပါတယ်။
ဒီလိုဖြစ်တာမျိုးကို ဘီလူးစီးတယ်၊ သရဲစီးတယ်လို့ ခေါ်တတ်ကြပြီး မကောင်းဆိုးဝါးတွေရဲ့ စီးနင်းမှု၊ ပြုစားမှု ခံရတာလို့ အရှေ့တိုင်းမှာတင်မက၊ အနောက်တိုင်းမှာ ရှေးကတည်းက အယူသီးခဲ့ကြဖူးပါတယ်။
သိပ္ပံပညာတွေ တိုးတက်လာပြီးတဲ့နောက်မှာတော့ ဒီလိုကြုံတွေ့ရတာမျိုးနဲ့ ပတ်သက်လို့ သိပ္ပံနည်းကျ ဖြေရှင်းချက်တွေ ရှိလာပြီပဲ ဖြစ်ပါတယ်။
Photo: Sleep Cycle
ဘာလို့ အိပ်နေရင်း ဘီလူးစီးတာလဲ ?
အိပ်နေရင်း ဘီလူးစီးတာကို နိုးတဝက်၊ အိပ်ပျော်တဝက် ဖြစ်နေတဲ့ အခြေအနေမျိုးမှာ ကြုံကြရပါတယ်။
လူတစ်ယောက်ဟာ အိပ်နေတဲ့ အချိန်မှာ မျက်လုံးသူငယ်အိမ် အလျှင်အမြန်လှုပ်ရှားနေတဲ့ အခြေအနေ(REM – Rapid Eye Movement) နဲ့ သူငယ်အိမ် လှုပ်ရှားမှု မရှိတဲ့ အခြေအနေ(NREM – Non Rapid Eye Movement) ဆိုပြီး အခြေအနေနှစ်မျိုး တစ်လှည့်စီ ဖြစ်ပေါ်ပါတယ်။
အခြေအနေတစ်မျိုးကို မိနစ် ၉၀ ခန့်ထိ ကြာမြင့်တတ်ပါတယ်။
NREM အခြေအနေမှာ ခန္ဓာကိုယ်က လုံးဝ အနားရနေပြီး REM အခြေအနေမှာတော့ အိပ်မက်တွေ မက်ပါတယ်။ အိပ်ပျော်နေချိန်မှာ ခန္ဓာကိုယ် ကြွက်သားလှုပ်ရှားမှုကို ဦးနှောက်က ရပ်ဆိုင်းထားပါတယ်။ ဒါမှသာ အိပ်မက်ထဲမှာ ပြေးနေရင်လည်း အပြင်က ခန္ဓာကိုယ်ကြီးက တကယ် ထ မပြေးနေမှာဖြစ်ပါတယ်။
REM အခြေအနေမှာ အိပ်မက်မက်နေတုန်း အကြောင်းအမျိုးမျိုးကြောင့် သိစိတ်ဝင်သွားတဲ့အခါမှာ လူက နိုးလာသလို ဖြစ်သွားပေမဲ့ ဦးနှောက်က ကြွက်သားလှုပ်ရှားမှုတွေ ရပ်ဆိုင်းထားတာကို ဖြေမပေးသေးတာကြောင့် မလှုပ်နိုင်၊ မရှားနိုင်ဖြစ်ပြီး ဘီလူးစီးတဲ့ အဖြစ်မျိုးနဲ့ ကြုံကြရတာပဲ ဖြစ်ပါတယ်။
Photo: National Sleep Foundation
အိပ်နေရင်း ဘီလူးစီးတာ ကျန်းမာရေး ထိခိုက်နိုင်လား ?
လူအများစုဟာ ဆယ်ကျော်သက်အရွယ်မှာ ဘီလူးစီးတဲ့ အဖြစ်မျိုးကို မကြာခဏ ဆိုသလို ကြုံရတတ်ပေမဲ့ ကျား၊မ မရွေး အသက်အရွယ်မရွေး ဘီလူးစီးတာကို ရံဖန်ရံခါ ဆိုသလို ကြုံရတတ်ပါတယ်။ တခါတရံ ဆိုသလို ကြုံရတာမျိုးက ကျန်းမာရေး အတွက် အန္တရာယ် မရှိပေမဲ့ တစ်ပတ် တစ်ခါ၊ နှစ်ခါ ဆိုသလို မကြာခဏကြုံနေရတယ်ဆိုရင်တော့ ဂရုစိုက်သင့်ပါတယ်။ အောက်ပါအချက်တွေကြောင့် အိပ်နေရင်း ဘီလူးစီးတာမျိုး ဖြစ်တတ်ပါတယ်။
Photo: National Neurological
ဒီလို အခြေအနေတွေရှိနေလို့ ဘီလူးစီးခြင်း မကြာခဏ ဖြစ်နေတယ်ဆိုရင် -
တို့ဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။
တကယ်လို့ ဒီနည်းလမ်းတွေနဲ့တင် မပျောက်ကင်းဘူး ဆိုရင်တော့ လိုအပ်ရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
Ref: Web MD
Share