ဘုရားဖူးခရီးသွားအားလုံးဒဏ်ရာရ

ဒီနေ့ မတ်လ ၁၈ ရက် မနက်ပိုင်းက အလောင်းတော်ကပကိုလာတဲ့ ဘုရားဖူးယာဉ်တိမ်းမှောက်ပြီး ဘုရားဖူးဧည့်သည် ၅ ဦး နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

Photo - Tun Tun Win ( ယာဉ်ချောက်ထဲထိုးကျသွားခဲ့မှုကို တွေ့ရစဉ်)

မတ်လ ၁၈ ရက် မနက် ၆ နာရီဝန်းကျင်လောက်က ခရီးသည်နဲ့ယာဉ်မောင်း အပါအဝင် ၃၆ ဦး လိုက်ပါလာတဲ့ မော်တော်ယာဉ်ဟာ ကနီမြို့နယ် ချောင်းမကြီး အထက် ပေ ၂၀၀ ခန့်ရှိတဲ့ ချောက်ထဲကိုထိုးကြခဲ့တာဖြစ်တယ်လို့ စစ်ကိုင်းတိုင်း ကနီမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက Duwun ကိုပြောပါတယ်။

မာ်တော်ယာဉ် ချောက်ထဲထိုးကျခဲ့မှုကြောင့် အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၁ ဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ခရီးသည်အားလုံးနီးပါး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

လောလောဆယ်တော့ ခရီးသည်တင်ကားတွေက လူနာတွေကို တတ်နိုင်သလောက်သယ်ပြီးတော့ ဆေးရုံကိုပို့ပေးပါတယ်။ ခရီးသည်တွေက ဘယ်ဒေသကလဲတော့ မသိသေးပါဘူး။ ပေ ၂၀၀ လောက်နက်တဲ့ ချောက်ထဲကို ထိုးကျသွားတာပါ” လို့ ဦးထွန်းထွန်းဝင်းက Duwun ကိုပြောပါတယ်။

Photo - Tun Tun Win ( ဒဏ်ရာရခဲ့တဲ့ ဘုရားဖူးတွေကို ကယ်ဆယ်မှုတွေ ပြုလုပ်)

အေလာင်းတော်ကသပ ဘုရားဖူးရာသီမှာ ဇန်နဝါရီလကနေ ဧပြီလအထိဖြစ်ပြီး နှစ်စဉ် အခုလို ယာဉ်တိမ်းမှောက်မှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ ယခုဖြစ်ရပ်ဟာ ဒီနှစ်ဘုရားဖူးရာသီကာလမှာ ၃ ကြိမ်မြောက်ဖြစ်ပွားခဲ့တဲ့ ယာဉ်တိမ်းမှောက်မှုလို့လည်း သိရပါတယ်။

ုရားဖူးခရီးသွားတွေအနေနဲ့ ဒီလိုကိစ္စတွေ မကြုံရအောင် ဘုရားဖူးယာဉ်တွေကို ပုဂ္ဂလိကစနစ်အစား ယာဉ်မောင်းကျွမ်းကျင်ပြီး ကြံခိုင်မှုရှိတဲ့ ယာဉ်တွေနဲ့ ပြေးဆွဲဖို့အတွက် လွှတ်တော်ကိုတင်ပြသွားရန် စီစဉ်ထားတယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ဆိုပါတယ်။




"ယာဉ်မောင်းတွေက အနယ်နယ်အရပ်ရပ်ကဆိုတော့ ဒီဒေသကို မကျွမ်းကျင်ကြဘူး။ မူးယစ်သောက်စားတာတွေပေါ့။ နောက်ပြီး ကားကြံ့ခိုင်မှုမရှိတတွေပေါ့။ လမ်းက တအားကြီး မဆိုးပါဘူး။ နောက်တော့ ယာဉ်ရပ်နားစခန်းတစ်ခု လုပ်ပြီးတော့ ကားအသင်းတစ်ခုနဲ့ BOT စနစ်နဲ့ အစားထိုးမယ်ဆို ပိုပြီး အဆင်ပြေပါတယ်" လို့ ပြောပါတယ်။

Share

Loading Next Article...
က္က