နိုင်ငံခြားသား အင်္ဂလိပ်ဆရာများအစား သုံးသွားမှာပါ

နောက်နှစ်ကစပြီး ကျောင်းပေါင်း ၅၀၀ ကျော်မှာ စက်ရုပ်ကျောင်းဆရာတွေကို သုံးသွားမယ်လို့ဂျပန်ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။



140716034028-robots-7-horizontal-large-gallery.jpg

Photo: CNN

 

ဂျပန်ပညာရေးဝန်ကြီးဌာနအနေနဲ့ကျောင်းသားများ အင်္ဂလိပ်စကားပြောစွမ်းရည် တိုးတက်ဖို့ရည်ရွယ်ချက်နဲ့အင်္ဂလိပ်စကားပြော စက်ရုပ်များကို သုံးဖို့စီစဉ်ထားတာပါ။ ဂျပန်နိုင်ငံမှ NHK မီဒီယာကတော့ လာမယ့်ဧပြီလကစပြီး တစ်နိုင်ငံလုံးရှိ ကျောင်းပေါင်း ၅၀၀ မှာ အစမ်းသဘောနဲ့စတင် အသုံးမယ်လို့ဖော်ပြထားပါတယ်။ တစ်ချို့ကျောင်းတွေမှာတော့ အလားတူ အင်္ဂလိပ်စကားပြော စက်ရုပ်တွေကို သုံးနေပြီလို့ဆိုပါတယ်။

အင်္ဂလိပ်အရေး/အပြော အားနည်းတဲ့ ဂျပန်နိုင်ငံဟာ နိုင်ငံခြား အင်္ဂလိပ်ဆရာများ ခေါ်ငှားဖို့ရန်ပုံငွေအစား စက်ရုပ်များ သုံးဖို့ဆုံးဖြတ်ခဲ့တာပါ။ ဝန်ကြီးဌာနဟာ ကျောင်းသားများအတွက် အင်္ဂလိပ်စကားပြော native speaker များနဲ့အွန်လိုင်းစကားပြော ကဏ္ဍများ ၊ apps များ လည်း ထည့်သွင်းသွားမယ်လို့ထုတ်ပြန်ထားပါတယ်။ ဒီနည်းနဲ့အကုန်အကျသက်သာတဲ့ အင်္ဂလိပ်စာ သင်ကြားရေးအစီအစဉ် ရေးဆွဲထားတာပါ။

အင်္ဂလိပ်စကားပြော တိုးတက်ရေးမှာ စက်ရုပ်အသုံးပြုရေး အစီအစဉ်ကို ၂ နှစ်အတွင်း အကောင်အထည်ဖော်ဖို့လမ်းညွှန်ထားတယ်လို့လည်း ဆိုပါတယ်။ ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပထမဆုံး စက်ရုပ်ကျောင်းဆရာ သုံးခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ တီထွင်ခဲ့တဲ့ Saya စက်ရုပ်ကို တိုကျိုမှာ ရှိတဲ့ ၄ တန်းနဲ့၅ တန်း ကျောင်းသုံး စက်ရုပ်အဖြစ် စမ်းသပ်ခဲ့ပါတယ်။

ပညာရေးကဏ္ဍ စက်ရုပ်သုံးစွဲမှုဟာ အရှိန်မြင့်နေပြီး စကာၤပူနဲ့လန်ဒန်မှာရှိတဲ့ ပညာရေး အဖွဲ့အစည်းများဟာ ဂျပန်နည်းပညာလုပ်ငန်းစု Soft Bank ထုတ် NAO နဲ့Pepper စက်ရုပ်များကို သင်ကြားရေးအကူအဖြစ် အသုံးပြုနေပါတယ်။ နော်ဝေးမှ No Isolation ဟာလည်း AV1 စက်ရုပ်များကို သုံးပြီး စာသင်ခန်းကြောက်တဲ့ ကလေးများအတွက် ဖုန်းကနေ app သုံးပြီး သင်ကြားပေးတဲ့ အဝေးသင် စနစ်ကို သုံးထားတာပါ။

Photon စက်ရုပ် (Photo: zdnet)

 

ပိုလန်နိုင်ငံ Photon Entertainment ဟာ ကလေးများအတွက် အခြေခံကုဒ်ရေးသားနည်းများ သင်ကြားပေးမယ့် ဘီးတပ် စက်ရုပ်ငယ်များ ထုတ်လုပ်ထားပါတယ်။ ကျွမ်းကျင်သူများကတော့ လာမယ့် ၂၀၂၃ ခုနှစ်မှာ ပညာရေးသုံး စက်ရုပ်ဈေးကွက်ဟာ ဒေါ်လာ ၁.၇ ဘီလျံ တန်လာမယ်လို့ခန့်မှန်းနေကြပါတယ်။

 

Share

Loading Next Article...
က္က